ဘယ်နေရာမှာမဆို သူ့နေရာနဲ့သူ အလိုက်သိရမယ့် နီတိနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာ Gym ရောက်ရင် ရှောင်ရှားသင့်တဲ့ အပြုအမူတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Gym ပစ္စည်းသုံးမှု စည်းကမ်းမရှိခြင်း

Photo:  Readers’ Digest

Gym ဆိုတာ Public Place တစ်ခုဖြစ်ပါတယ်။ ကိုယ်တစ်ယော်ကတည်း လာကစားတဲ့ နေရာမဟုတ်ပါဘူး။ ဒါကြောင့် Gym မှာ အားကစားလုပ်ပြီးရင် ကိုယ်သုံးထားတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ ပြန်ထားဖို့ လိုပါတယ်။ မဟုတ်ရင် လူပြောစရာဖြစ်လာပါလိမ့်မယ်။နောက်တစ်ခုက Gym ပစ္စည်းတွေကို ကိုယ်တစ်ယောက်တည်းပဲ မောင်ပိုင်စီးပြီး ယူသုံးတာမျိုး ရှောင်ပါ။ တခြားသူတွေကိုလည်း အလှည့်ပေးတတ်ဖို့ လိုပါတယ်။

(၂) တခြားကစားသူတွေကို လိုက်ပြီး အကြံပေးခြင်း

Photo:  Readers’ Digest

Gym မှာ အားကစားနည်းတွေကို ကြီးကြပ်လမ်းညွှန်ပေးမယ့် Trainer တစ်ဦးရှိစမြဲပါ။ ကစားပုံ နည်းလမ်းမကျတဲ့သူကို Trainer က လမ်းညွှန်ပါလိမ့်မယ်။ ကိုယ့်ကို အကူအညီမတောင်းဘဲနဲ့ ဝင်ပြီး ဆရာကြီးလိုလိုနဲ့ အကြံပေးတာမျိုး ရှောင်ကြဉ်ပါ။ တကယ်လို့ အကြံပေးချင်တယ်ဆိုရင်တောင် အရင်ဆုံး သူနဲ့ မိတ်ဆွေဖွဲ့ထားဖို့ လိုပါတယ်။

(၃) လူအဝင်အထွက်များတဲ့နေရာမျိုး အားကစားမလုပ်ပါနဲ့

Photo:  Readers’ Digest

ဝင်ပေါက် ၊ ထွက်ပေါက်လိုနေရာတွေ ၊ လမ်းလျှောက်ဖို့ Walkways ပေးထားတဲ့နေရာတွေနားမှာ အားကစားမလုပ်ပါနဲ့။ တခြားသူတွေလည်း အနှောင့်အယှက်ဖြစ်သလို အားကစားလုပ်ရတာလည်း အဆင်မပြေဖြစ်နိုင်လို့ပါ။ အားကစားလုပ်မယ်ဆိုရင် လူရှင်းတဲ့နေရာမျိုးကို ရွေးချယ်ဖို့ လိုပါတယ်။

(၄) ကောင်မလေးတွေ လိုက်မငမ်းပါနဲ့

Photo:  Readers’ Digest

တချို့ Gym တွေက ယောင်္ကျား/မိန်းမ ပေါင်းကစားကြပါတယ်။ ဒါကြောင့် အားကစားလာလုပ်တဲ့ တောင့်တောင့်ဖြောင့်ဖြောင့် မိန်းကလေးတွေကို တစ်နေရာတည်းမှာ တွေ့ရဖို့ အကောင်းဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း Gym မှာ မိန်းကလေးတွေ လိုက်ငမ်းတာ ၊ ဝင်ရောတာမျိုးက အတော်အကြည့်ရဆိုးပါတယ်။ ဒီလိုလူမျိုးကိုလည်း မိန်းကလေးတွေက အထင်သေးတတ်သလို Gym တွေကပါ လက်မခံချင်ဖြစ်တတ်ပါတယ်။

(၅) ပြေးစက်ပေါ် ပြေးရင်း စာမရိုက်ပါနဲ့

Photo:  Readers’ Digest

Treadmill ပေါ် လမ်းလျှောက်နေရင်းဖြစ်စေ ပြေးနေရင်းဖြစ်စေ ဖုန်းသုံးတာက ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ အားကစားလုပ်ချိန်မှာ အရေးကြီးတာက အာရုံစူးစိုက်မှုအပြည့်ထားဖို့ ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့ Workout တစ်ခုချင်းစီပေါ် အာရုံအပြည့်စိုက်ပြီး အားကစားလုပ်ခြင်းက Gym မှာ ထိရောက်အောင်မြင်မှုရှိစေတဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။