တစ်ချို့လူတွေ Work out လုပ်တဲ့အချိန်မှာ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းလုပ်ဖို့က မေ့နေတက်ကြတယ်။ တကယ်တော့ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးခြင်းက အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင် ဒီနေ့မှာ စပြီးလုပ်ပေးလိုက်ပါ။
အားကစားလုပ်တဲ့အချိန်မှာ စွမ်းဆောင်ရည်မြင့်လာမယ်

Source: Man of Many
အားကစားတော်တော်များများဟာ ဟန်ချက်ညီဖို့ရယ် တည်ငြိမ်နေဖို့ရယ် ကြံ့ခိုင်နေဖို့လိုအပ်ပါတယ်။ ဝမ်းဗိုက်လေ့ကျင့်ခန်းက ဒီအတွက် အရေးပါတဲ့ ကြွက်သားတွေကြံ့ခိုင်နေအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဘောလုံးအားကစားသမားအများစုက ဝမ်းဗိုက်လေ့ကျင့်ခန်းကို အဓိကထားလုပ်ဆောင်ကြရပါတယ်။
ခါးအောက်ပိုင်းနာကျင်ခြင်းကို လျော့ချပေးတယ်

Source: Men’s Health
ခါးအောက်ပိုင်းနာကျင်တဲ့ဝေဒနာကို အလူအများစုခံစားကြရလေ့ရှိပါတယ်။ ဝမ်းဗိုက်ကြွက်သား အားနည်းခြင်းက ခါးအောက်ပိုင်းနာခြင်းကို ဖြစ်စေပါတယ်။ ဝမ်းဗိုက်လေ့ကျင့်ခန်းက ကျောရိုးနဲ့ ခါးကြွက်သားတွေကို သန်မာစေတာကြောင့် ခါးအောက်ပိုင်းနာကျင်ခြင်းကို လျော့ချပေးတယ်။
ခန္ဓာကိုယ်ဟန်ချက်ညီစေတယ်

Source: Healthline
ခန္ဓာကိုယ်ဟန်ချက်ညီစေဖို့ဆိုတာဟာလည်း အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ လမ်းလျှောက်နေတဲ့အချိန်မှာ၊ ထိုင်နေတဲ့အချိန်မှာ၊ လှဲလျောင်းနေတဲ့အချိန်မှာ၊ ပြေးနေတဲ့အချိန်မှာ ဟန်ချက်ညီနေဖို့လိုပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ကျွန်တော်တို့တွေ မတွေးဘဲလုပ်လိုက်တဲ့ အရာလေးတွေဖြစ်တဲ့ ကားထဲကထွက်လိုက်တာတို့၊ လှေကားထစ်ပေါ်တက်တာတို့မှာလည်း ဟန်ချက်ညီနေဖို့လိုပါတယ်။
နောက်တစ်ခုကတော့ ဟန်ချက်ညီခြင်းဟာ တခြားကိုယ်အလေးချိန် လျှော့ချရေးလေ့ကျင့်ခန်းတွေအတွက်လည်း အရေးကြီးပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်အလေးချိန်မြှင့်တင်ခြင်း၊ ယောဂကျင့်ခြင်း၊ ခြေဆန့်လက်ဆန့်လုပ်ခြင်း စတဲ့အရာတိုင်းမှာ ဟန်ချက်ညီနေမှ လေ့ကျင့်ရတာအဆင်ပြေပါတယ်။ ဒါကြောင့်ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းဟာအရေးကြီးပါတယ်။
လျင်မြန်သွက်လက်စေတယ်

Source: Coach Mag UK
ဝမ်းဗိုက်အဆီပိုတွေက ကျွန်တော်တို့ကိုနှေးကွေးလေးလံစေပါတယ်။ အဆီပိုမရှိ၊ ကျစ်လျစ်နေတဲ့ဝမ်းဗိုက်တွေကတော့ ကျွန်တော်တို့ကို လျင်မြန်ပေါ့ပါးသွက်လက်စေမှာပါ။ ဒီနေ့ခေတ်ကြီးလို စားသုတ်သုတ်၊ သွားသုတ်သုတ်ခေတ်ကြီးထဲမှာ လျင်မြန်သွက်လက်ခြင်းက ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက်အကူပြုစေနိုင်ပါတယ်။ ကိုယ်ကပေါ့ပါးသွက်လက်နေတော့ စိတ်သွားတိုင်းကိုယ်ပါပြီပေါ့။
နေလို့ထိုင်လို့ကောင်းစေပါတယ်

Source: Skinny Ms.
ခါးပေါ်က အဆီပိုလက်မအနည်းငယ်လျော့ကျသွားတဲ့ခံစားချက်လောက် ကောင်းတဲ့ခံစားချက် ဘယ်မှာရှိပါ့မလဲ။ အရမ်းကြိုက်လို့မရမက ရှာဝယ်ထားပေမယ့် ခဏပဲဝတ်လိုက်ရပြီးမတော်တော့လို့ ချောင်ထဲထိုးထားလိုက်ရတဲ့ ဂျင်းဘောင်းဘီတွေကိုလည်း ပြန်ဝတ်လို့ရပြီလေ။ စိတ်ပိုင်းဆိုင်ရာအရလည်း ခက်ခဲတဲ့အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်လိုက်နိုင်တဲ့အတွက် မိမိကိုယ်ကိုယ်လေးစားမှုနဲ့ ယုံကြည်မှုပိုမိုတိုးပွားလာစေပါတယ်။
