ခန္ဓာကိုယ်ထဲက ဆဲလ်တွေအာလုံးဟာ ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် ရေဓာတ်လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ရေကိုလိုအပ်တာထက် ပိုသောက်ခြင်းကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေတယ်ဆိုတာပါပဲ။ ဒီနေ့ဆောင်းပါးမှာ ရေကိုလိုအပ်တာထက် ပိုသောက်ရင် ဖြစ်လာနိုင်တဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။
ခေါင်းကိုက်စေတယ်

Source: Business Insider
ရေသောက်များလာရင် ခေါင်းကိုက်တဲ့ လက္ခဏာ ကြုံတွေ့ရနိုင်ပါတယ်။ ရေသောက်များတာက သွေးထဲက ဆားဓာတ်တွေ သုံးစွဲမှုလျှော့ကျသွားစေပြီး ဆဲလ်တွေရောင်ရမ်းလာစေပါတယ်။
ပင်ပန်းလာမယ်

Source: HealthSpectra
ရေသောက်များတာက ခန္ဓာကိုယ်ကို ပင်ပန်းစေပါတယ်။ အထူးသဖြင့် ကျောက်ကပ်က အပင်ပန်းဆုံးပါ။ ကျောက်ကပ်ဟာ သင်သောက်လိုက်တဲ့ ရေတွေကို ချေဖျတ်ဖို့ တာဝန်ယူရတာကြောင့် သွေးကြောထဲမှာ အရည်ပမာဏက မျှချေအခြေအနေမှာ ရှိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ ရေကိုလိုအပ်တာထက် ပိုသောက်လိုက်တာက ကျောက်ကပ်ကို ပိုပြီးအလုပ်လုပ်စေတာကြောင့် ပင်ပန်းလာစေပါတယ်။
နှလုံးကိုဝန်ပိစေ

Source: Popsugar
နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ မှုတ်ထုတ်ပေးတဲ့အလုပ် လုပ်ပါတယ်။ ဒီအလုပ်ကြောင့်ပဲ အသက်ရှင်နေတာပါ။ ရေအရမ်းသောက်လွန်းရင် ခန္ဓာကိုယ်တွင်းက သွေးထုထည် ပိုများလာပြီး နှလုံးသွေးကြောတွေနဲ့ နှလုံးကို မလိုအပ်တဲ့ဖိအားတွေ ဖြစ်လာစေတယ်။
ပိုတက်ဆီယံကျဆင်းလာနိုင်

Source: Safe Drinking Water Foundation
ပိုတက်ဆီယံဆိုတာလည်း ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ရှိသင့်တဲ့ပမာဏ ရှိနေအောင် ထိန်းထားမှ ကျန်းမာမှာပါ။ ရေကို အများကြီးသောက်တော့ ပိုတက်ဆီယံဓာတ် ကျဆင်းလာကာ ယားယံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက်ကိုက်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။
