လူအများစုက ကိုယ်အလေးချိန်တက်ဖို့ထက် ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်ရတာ ပိုခက်ခဲတယ်လို့ ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ ကိုယ်အလေးချိန်တက်ဖို့က ပိုခက်ခဲတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကိုယ်အလေးချိန်ကျဖို့ဖြစ်စေ တက်ဖို့ဖြစ်စေ နည်းစနစ်မှန်ကန်တဲ့စားသောက်နေထိုင်မှုပုံစံ မရှိရင်တော့ ကြိုးစားသမျှအလကားဖြစ်မှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေအတွက် မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) စားဖို့မပျင်းပါနဲ့
Source : balanceblog.bistromd.com
ပိန်တဲ့သူတော်တော်များများက အစားစားဖို့ပျင်းကြပါတယ်။ ဗိုက်ဆာတဲ့ဒဏ်ကိုလည်း သာမာန်လူတွေထက်ပိုခံနိုင်တာကြောင့် တော်ရုံထမစားဖြစ်ပါဘူး။ ကိုယ်အလေးချိန်တက်ချင်ရင်တော့ အဓိက အစားစားပေးဖို့လိုပါတယ်။ တစ်နေ့ကို အနည်းဆုံးထမင်း (၃) ကြိမ်ခန့်စားပါ ။စားနေကြပမာဏထက် ပိုစားပြီး ဗိုက်ဆာလာတိုင်းလည်း စားပေးဖို့ လိုပါတယ်။
(၂) မျှတအောင်စားပါ
Source : richmondooh.org.uk
အသားငါးနဲ့အသီးအရွက်ကို မျှတအောင်စားပါ။ ကိုယ်အလေးချိန်တက်ဖို့ အဓိကအားဖြင့် ကယ်လိုရီပါဝင်မှုများတဲ့ အသားဓာတ်လုံလောက်စွာ စားသုံးပေးဖို့လိုသလို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်လည်း အသီးအရွက်မပါမဖြစ်စားသုံးပေးရမှာဖြစ်ပါတယ်။ မျှတတဲ့စားသောက်မှုပုံစံရှိမှလည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးလာနိုင်မှာဖြစ်တာကြောင့် နေ့စဉ်စားသုံးတဲ့အရာတွေထဲမှာ အသားနဲ့အသီးအရွက်ကို အချိုးကျကျစားသုံးပေးသင့်ပါတယ်။
(၃) အရက်နဲ့ဆေးလိပ်ဖြတ်ပါ
Source : www.themanual.com
အရက်နဲ့ ဆေးလိပ်တွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်နိုင်သလို ကိုယ်အလေးချိန်ကိုလည်း တဖြည်းဖြည်းကျဆင်းလာစေမှာဖြစ်ပါတယ်။ ဒါအပြင့် အဆုတ်၊ နှလုံး၊ အသည်း စတဲ့ကိုယ်တွင်းအင်္ဂါတွေကိုလည်း ဆိုးကျိုးတွေများစွာသက်ရောက်စေနိုင်တာကြောင့် ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေစဉ်ကာလအတွင်းမှာ အရက်နဲ့ ဆေးလိပ်တွေကို တက်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။
(၄) အားကစားလုပ်ပါ
Source : Men’s Health
ကိုယ်အလေးချိန်တက်ဖို့ စားနေရုံတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ကျန်းမာစွာနဲ့ နည်းစနစ်မှန်မှန် ကိုယ်အလေးချိန်တက်ချင်ရင်တော့ အားကစားလုပ်ဖို့လည်းလိုပါတယ်။ နေ့စဉ် တစ်နာရီခန့်အနည်းဆုံး အားကစားပြုလုပ်ပါ။ အားကစားလုပ်နေစဉ်အချိန်အတွင်းမှာလည်း ကြွက်သားထုထည်တက်စေမယ့် ပရိုတင်းဖျော်ရည်နဲ့ ဖြည့်စွက်စွာ အားဆေးတွေ သောက်သုံးနိုင်ပါတယ်။
(၅) အိပ်ချိန်ပြည့်ဝမှုရှိပါစေ
Source : nbcnews.com
အိပ်ချိန်အလုံအလောက်မရှိတဲ့သူတော်တော်များများ ပိန်ဖို့အခွင့်အရေး ပိုများပါတယ်။ လူတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ကို ၇ နာရီခန့် အိပ်စက်ဖို့လိုပါတယ်။ ကိုယ်အလေးချိန်တက်ဖို့ အားကစားလုပ်နေတဲ့အချိန်တွေဆို အိပ်ချိန်ကိုပိုပြီးတောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။ ညဘက်တွေမှာ ကောင်းစွာအိပ်စက် အနားယူပါက ကိုယ်အလေးချိန်တက်ဖို့အထောက်ကူဖြစ်သလို ကြွက်သားထုထည်ကိုလည်း ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။





