ကြွက်သားကျစ်ကျစ်လျစ်လျစ်ပိုင်ရှင်ဖြစ်ရတာ ရုပ်ပိုင်းဆိုင်ရာအရ ကြည့်လို့ကောင်းရုံတင် မဟုတ်ပါဘူး။ စိတ်နဲ့ ကိုယ် ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများပါတယ်။ ကြွက်သားတက်အောင် အားကစားလုပ်ခြင်းဟာ နှလုံး ၊ အဆစ်အမြစ်နဲ့ စိတ်ကျန်းမာရေး အားပေးပါတယ်။ တကယ်တော့ ကြွက်သားတွေ တက်အောင် Heavy Weight တွေ မ,စရာ မလိုသလို Protein Powder တွေ သောက်ဖို့လည်း မလိုပါဘူး။ နေ့တိုင်းမှာ အခုပြောမယ့် ရိုးရှင်းတဲ့ အဆင့်လေးတွေ လုပ်သွားရုံနဲ့တင် ကြွက်သား သန်မာလာပါလိမ့်မယ်။
(၁) ပုံမှန်လေး ဝိတ်မပေးပါ

Photo: Freepik
ကြွက်သား သန်မာဖို့အတွက်ရော အားကစားလုပ်ထားလို့ တက်လာတဲ့ ကြွက်သားတွေ ကျမသွားအောင်ပါ နေ့တိုင်း ပုံမှန် Weight မပေးသင့်ပါတယ်။ ဝိတ်အများကြီး မဟုတ်တောင် ပုံမှန်အလေးမပေးခြင်းအားဖြင့် လက်မောင်း လက်ဖျံနဲ့ ဝမ်းဗိုက်ပြင်က ကြွက်သားတွေ အားကောင်းလာပါလိမ့်မယ်။
(၂) ပရိုတိန်းစားမှု မြှင့်ပေးပါ

Photo: thehealthy
ပရိုတိန်းမြင်တဲ့့အစားအသောက်တွေဟာ ကြွက်သားဆုံးရှုံးမှု အဖြစ်နည်းစေပါတယ်။ ပရိုတိန်း ဘယ်လောက်စားပေးဖို့ လိုသလဲဆိုတာကို အကြမ်းဖျဉ်းတွက်ကြည့်နိုင်ပါတယ်။ အဲ့ဒါက ကိုယ်အလေးချိန် ၁ ကီလိုမှာ ပရိုတိန်း ၀.၈ ဂရမ် စားပေးဖို့ ဖြစ်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့ လူတစ်ယောကဟာ တစ်နေ့ ပရိုတိန်း ၅၄ ဂရမ် စားပေးဖို့ လိုမှာပါ။
(၃) သလဲသီး စားပါ

Photo: thehealthy
သလဲသီးဟာ Muscle Loss မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ သလဲသီးမှာ Ellagic Acid လို့ခေါ်တဲ့ မော်လီကျူးကြွယ်ဝပါတယ်။ အူထဲရောက်သွားတဲ့ Ellagic Acid ကိုအနုဇီဝပိုးလေးတွေကနေ Urolithin A လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုး အဖြစ် ပြောင်းပေးလိုက်ပါတယ်။ Urolithin A တွေဟာ ကြွက်သားဆဲလ်တွေကို အရွယ်ကြောင့် ပျော့တွဲပြီး အလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) နေစာလှုံပါ

Photo: NY Times
မနက် ၈ နာရီ မတိုင်ခင် တစ်နေ့ကို ၁၅ မိနစ်လောက် နေပူစာလှုံခြင်းကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗိုက်တာမင်ဒီတွေ ရပါတယ်။ နေရောင်ခြည်တချို့ ထိတွေ့ခြင်းအားဖြင့် ကြွက်သားအားနည်းခြင်းလို အခြေအနေမျိုးကို တိုက်ရာမှာ ပိုကောင်းစေပါတယ်။ အကြောင်းက ဗိုက်တာမင်ဒီချို့တဲ့ခြင်းဟာ ကြွက်သားတွေ ပျော့တွဲမှုကို ဦးတည်စေလို့ ဖြစ်ပါတယ်။
