Joe Bernstien လို့အမည်ရတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဥက ပေါင်ချိန် ၃၃၉ ပေါင် ကိုယ်အလေးချိန်ရှိခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ သူက ကိုယ်အလေးချိန် လျော့ဖို့အတွက် အစားရှောင်ခဲ့ပေမယ့် မျှော်လင့်ထားသလို ဝိတ်မကျခဲ့ပါဘူး။
ဒါနဲ့ပဲ သူက သူ့ရဲ့အလေ့အကျင့်အချို့ကို ပြောင်းလဲခဲ့ပါတယ်။ ရလာဒ်အနေနဲ့ သုံးလအတွင်းမှာ ကိုယ်အလေးချိန် ၁၅၄ ပေါင်အထိ ချနိုင်ခဲ့ပါတယ်။

ဒီပုံနှစ်ပုံကတော့ Joe ရဲ့ အရင်တုန်းက အဝလွန်နေတဲ့ပုံနဲ့ သုံးလအကြာမှာ ပြောင်းလဲသွားတဲ့ ကိုယ်အလေးချိန်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Joe တစ်ယောက် သုံးလအတွင်း အံ့မခန်း ကိုယ်အလေးချိန်လျော့ချနိုင်အောင် ဘယ်လိုတွေ ပြုမူနေထိုင်ခဲ့သလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။
သကြားဓာတ်လွန်ကဲနေသော အချိုရည်များ သောက်သုံးမှုကို ရပ်တန့်လိုက်ခြင်း

ဆိုဒါအချိုရည်များနဲ့ အခြားအချိုဓာတ်လွန်ကဲနေသော အချိုရည်များမှာ ကယ်လိုရီအလွန်အကျွံ ပါဝင်ပါတယ်။ ရေဆာနေချိန်မှာ အချိုရည်များ မသောက်သုံးဘဲ ရေပဲ သောက်သုံးပေးသင့်ပါတယ်။ တခြားအစားအစာများ မရှောင်ဘဲ အချိုရည်သောက်သုံးမှုကို ရပ်တန့်လိုက်မယ်ဆိုရင်တောင် သုံးလကြာတဲ့အခါ ၄၈.၅ ပေါင် လျော့ချနိုင်ပါလိမ့်မယ်။
အသင့်စား အစားအစာများ မစားခြင်း

အပြင်စာနဲ့ အသင့်စား အစားအစာများ စားမယ့်အစား မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထားတဲ့အစားအစာက ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်ပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။
စက်ဘီးစီးခြင်း

ကားစီးခြင်းက ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပေမယ့် ဝိတ်ကျချင်တယ် ကယ်လိုရီများကို အမှန်တကယ်လောင်ကျွမ်းစေချင်တယ်ဆိုရင်တော့ ကားစီးမယ့်အစား စက်ဘီးစီးပေးသင့်ပါတယ်။
အရသာရှိသော အစားအစာများကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ချက်ပြုတ်ခြင်း

အသင့်စား ခေါက်ဆွဲခြောက်များ၊ အသင့်စား မုန့်ဟင်းခါးထုပ်များ စားသုံးမယ့်အစား ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ခြင်းက သင့်စိတ်ကို ပျော်ရွှင်စေမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များကိုလည်း စားသုံးနိုင်ပါတယ်။
မုန့်ပဲသွားရေစာ စားသုံးခြင်းကို ရပ်တန့်လိုက်ခြင်း

နေ့လည်နေ့လည် မုန့်စားချင်တဲ့အခါမျိုးမှာ ကယ်လိုရီတွေနဲ့ ပြည့်နှက်နေတဲ့ သွားရေစာမုန့်တွေ စားမယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝသစ်သိးဝလံများ ရွေးချယ်စားသုံးခြင်းကလည်း ဝိတ်ကျစေတဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။
မနက်စောစော လမ်းလျှောက်ထွက်ခြင်း

မနက်စောစော လမ်းလျှောက်ထွက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကာ တနေ့တာလုံး လန်းဆန်းတက်ကြွစေပါတယ်။ မနက်စောစော ပုံမှန်လမ်းလျှောက်ထွက်ခြင်းရဲ့ အကျိုးကျေးဇူးကို သုံးလတိတိကြာတဲ့အခါ မြင်တွေ့နိုင်ပါလိမ့်မယ်။
မိမိအား စိတ်ဆင်းရဲစေသော သမီးရည်းစားဆက်ဆံရေးကို ရပ်တန့်လိုက်ပါ

Joe တစ်ယောက်သည်လည်း သူ့မိန်းမနဲ့ ကွာရှင်းပြတ်စဲပြီးတဲ့နောက်မှာ ဘဝအသစ်ကို ပြန်လည်စတင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
လူနှစ်ယောက် ပေါင်းဖက်တဲ့အခါ အချစ်တစ်ခုတည်းရှိရုံနဲ့ အလုပ်မဖြစ်ပါဘူး။ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ အချင်းချင်း လေးစားမှုစတဲ့အချက်တွေကလည်း အရေးကြီးပါတယ်။ သင့်အနေနဲ့ သင်တို့ရဲ့သမီးရည်းစားဆက်ဆံရေးက ဘယ်လိုမှညှိနှိုင်းလို့ မရဘူးဆိုရင်တော့ ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါပြီ။
မိမိကိုယ်ကို အလိုမလိုက်ခြင်း

ဝိတ်ချနေချိန်မှာ ဝိတ်ပြန် တက်မလာဖို့ အင်မတန်ဂရုစိုက်ရပါတယ်။ လေ့ကျင့်ခန်းများများလုပ်မယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်များ ပုံမှန်စားသုံးခြင်းအပြင် စိတ်ကျန်းမာနေစေဖို့ကိုလည်း ဂရုစိုက်သင့်ပါတယ်။
ဒီအချက်တွေက Joe တစ်ယောက် ဝိတ်ကျဖို့အတွက် ပြုမူခဲ့တဲ့ အလေ့အကျင့်ကောင်းတွေပဲဖြစ်ပါတယ်။
Source: Brightside.me
