အချို့လူများအတွက် သာမန်အားကစားတစ်ခုက ပြုလုပ်ပါများလာတဲ့အခါ ရင်ခုန်မှုကို မပေးစွမ်းနိုင်တော့ဘူးလို့ ဆိုကြပါတယ်။ ဘောလုံးတစ်လုံးကို ပုံမှန်ကန်နေရတာမျိုး (သို့) တင်းနစ်ဘောလုံးကို ပုံမှန်ရိုက်နေရတာမျိုးက သွေးပူလေ့ကျင့်ခန်းသာသာလို့ပဲ ယူဆနေသူများအတွက် သာမန်ထက်ပိုတဲ့ သက်စွန့်ဆံဖျား အားကစားတစ်ခုခု လိုအပ်နေတာတော့အမှန်ပါပဲ။
သက်စွန့်ဆံဖျားဆိုတဲ့အတိုင်း ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့မို့ အန္တရာယ်ရှိတာလည်း အမှန်ပါပဲ။ ဘယ်လိုအားကစားတွေက သက်စွန့်ဆံဖျား အားကစားတွေဖြစ်မလဲဆိုတာကို အားကစားလိုက်စားသူဘော်ဒါများအတွက် ဝေမျှပေးလိုက်ရပါတယ်။
မီးတောင် လျှောစီးခြင်း

မီးတောင်ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိတဲ့ဓာတ်ငွေ့များ ပြည့်နှက်နေပြီး မီးတောင် အသေးစားပေါက်ထွက်မှုအန္တရာယ်ကိုလည်း ထည့်တွက်ထားသင့်ပါတယ်။ အန္တရာယ်ကင်းရဲ့လားလို့ မေးရင်တော့ အန္တရာယ်တော့ကင်းပါတယ်။
မီးတောင် လျှောစီးဖို့အတွက် ကျွမ်းကျင်သူများက သင့်ကို မျက်မှန်၊ လက်အိတ်၊ အင်္ကျီအပြည့်အစုံ ပေးမှာဖြစ်ပြီး သင့်ရဲ့လုံခြုံမှုအတွက် အမြဲမပြတ် စောင့်ကြည့်ပေးပါလိမ့်မယ်။
Bungee Jumping

စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်တဲ့ ဒီအားကစားကလည်း သင့်ရဲ့စိတ်ထဲမှာ ခိုအောင်းနေတဲ့ စိတ်ညစ်စရာများကို တစ်ပါတည်း ယူဆောင်ပေးသွားနိုင်ပါတယ်။
စွန်ဖြင့် ရေလွှာလျှောစီးခြင်း

သင်က ရေလွှာလျှောစီးခြင်းကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှသာလျှင် စွန်ဖြင့် ရေလွှာလျှောစီးခြင်းကို ပြုလုပ်သင့်ပါတယ်။
Skydiving

ယနေ့ခေတ်မှာ လူအများ နှစ်ခြိုက်စွာ ပြုလုပ်လာကြတဲ့ အားကစားတစ်မျိုးကတော့ Skydiving အားကစားပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အမြင့်ကြောက်တတ်တဲ့စိတ်ကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ဒီအားကစားကို အသုံးပြုနိုင်ပါတယ်။
တောင်ပေါ်မှာ စက်ဘီးစီးခြင်း

ရိုးရိုးစက်ဘီးစီးရတာကို ရင်မခုန်တော့ဘူးဆိုရင် တောင်တက် တောင်ဆင်း စက်ဘီးစီးခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ လုံခြုံမှုရှိအောင်လို့ ဦးထုပ်ဆောင်းခြင်း၊ လက်ကာ၊ ဒူးကာအပြည့်အစုံ တပ်ဆင်ပြီးမှသာ စီးသင့်ပါတယ်။
ဂူထဲတွင် ရေငုပ်ခြင်း

ဒီအားကစားကလည်း အမှောင်ကြောက်သူများအနေနဲ့ ရှောင်ကြဉ်ရမယ့် အားကစားတစ်ခုပဲဖြစ်ပါတယ်။ ရေနက်ထဲမှာ စိတ်ငြိမ်ဖို့လိုအပ်ပြီး ရဲစွမ်းသတ္တိလည်း လိုအပ်ပါတယ်။ ဒီအားကစား မစတင်ခင်မှာ သင့်အနေနဲ့ ရေငုပ်ခြင်းနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတများ ရှိထားဖို့ လိုအပ်ပါတယ်။
Source: Nextluxury.com
