အိပ်ရာမဝင်စဉ် လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ထင်ရင်တော့ သင် ပြန်စဉ်းစားဖို့ လိုပါလိမ့်မယ်။ သင်က ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်ဘူးဆိုရင်တော့ ညအိပ်ရာဝင်ခါနီးမှာ လေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။ ဒီလိုလေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် အိပ်ရာပေါ်မှာ လူးလှိမ့်နေရပြီး ညအိပ်မပျော်ခြင်းရောဂါကို ကုသပေးနိုင်ပါတယ်။

ညအိပ်ရာဝင်ခါနီးမှာ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကြောင့် အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါတယ်။

ဝိတ်မြန်မြန်ကျစေခြင်း

weight loss man scaled - healthy lifestyle

ညအိပ်ရာဝင်ခါနီးမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ဝိတ်မြန်မြန်ကျစေတယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။

မြန်မြန်အိပ်မောကျစေခြင်း

healthy lifestyle- man sleeping early at night

သင့်အနေနဲ့ ညဘက်အိပ်ပျော်ဖို့ တော်တော်လေး ကြိုးစားရတယ်ဆိုရင်တော့ ညအိပ်ရာဝင်ခါနီးမှာ လေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ တစ်ရေးတည်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

စိတ်ဖိစီးမှုများ လျော့ချနိုင်ခြင်း

tips for men to avoid depression

စိတ်ခံစားချက်များ၊ အတွေးပေါင်းသောင်းခြောက်ထောင်တို့ကြောင့် တချို့ညတွေမှာ အိပ်မောကျဖို့ အလွန်ခက်ခဲပါတယ်။ ဒီလိုစိတ်ညစ်စရာများတဲ့အချိန်မှာ စိတ်ဖိစီးမှုလျော့ချစေမယ့် အကြောလျော့လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းများကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့စိတ်က တည်ငြိမ်ပြီး စိတ်ဖိစီးမှုများလည်း လျော့ကျသွားပါလိမ့်မယ်။

ကြွက်သားများ ကျစ်လျစ်တောင့်တင်းမှု ပိုမိုမြန်ဆန်လာခြင်း

muscle growth- man healthy lifestyle

ကြွက်သားများ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ကြီးမား ကျစ်လျစ်တောင့်တင်းလာစေချင်တယ်ဆိုရင်တော့ မနက်စောစောမှာ လေ့ကျင့်ခန်း ပြုလုပ်မယ့်အစား အိပ်ရာဝင်ခါနီးမှာ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။

သင်ရော ဘယ်အချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိပါသလဲ။ မနက်နိုးနိုးချင်း လေ့ကျင့်ခန်းလုပ်ရတာကို ပိုကြိုက်ပါသလား။ ဒါမှမဟုတ် ညအိပ်ရာဝါခါနီးမှ လေ့ကျင့်ခန်းလုပ်ရတာကို ပိုအားသန်ပါသလား။

Source: Brightside.me