အဆီပိုကင်းပြီး ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရဖို့ အများစု Gym ကစားကျပါတယ်။ Gym ကစားတာဟာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရစေရုံသာမက စိတ်ရောကိုယ်ပါကျန်းမာနုပျိုစေတဲ့ကောင်းကျိုးတွေ များစွာပေးပါတယ်။ သို့သော် Gym ပုံမှန်မဆော့နိုင်တဲ့သူတွေအနေနဲ့ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရဖို့ မဖြစ်နိုင်တော့ဘူးလား။ ဒီနေ့ပြောပြမယ့် နည်းလမ်းလေးတွေကို စိတ်ရှည်ရှည်နဲ့ လိုက်နာမယ်ဆိုရင် Gym ပုံမှန်မဆော့ပဲ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရစေမှာပါ။

(၁) ရေဓာတ်ပြည့်ဝအောင်နေပါ

Sportsman drinking water

Source : Freepik

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ တက်နိုင်သလောက် ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်လုံလောက်အောင်သောက်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်တွေလျော့နည်းသွားစေပြီး မလိုလားအပ်တဲ့ ခန္ဓာကိုယ်အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။

(၂) အစားအသောက်ထိန်းပါ

 man refusing unhealthy burger

Source : Freepik

ခန္ဓာကိုယ်ဖွဲ့စည်းမှုအတွက် အစားအသောက်ကအများကြီး အရေးပါပါတယ်။ ဆီများအငံများတဲ့ အစားအစားတွေ ၊ အသင့်စား Fast Food တွေ ၊ ပြုပြင်ထားတဲ့အသားတွေ ၊ အချိုလွန်ကဲအစားအစာတွေက ကျန်းမာရေးထိခိုက်စေတဲ့အပြင် ကိုယ်ခန္ဓာပုံစံကိုလည်း ပျက်စေပါတယ်။ အဆီပိုကင်းပြီး ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်လိုချင်ရင်တော့ ဒီလိုအစားအစာတွေကိုရှောင်ဖို့လိုအပ်ပါတယ်။

(၃) ပရိုတင်းဓာတ်အကန့်အသတ်ရှိပါစေ

happy man eating fresh salad in the kitchen

Source : Freepik

ကြွက်သားတက်အောင် ပရိုတင်းဓာတ်များများစားရမယ်ဆိုတဲ့အယူအဆက အပြည့်အဝမမှန်ပါဘူး။ ပုံမှန်အားဖြင့်အမျိုးသားတစ်ယောက်အတွက် တစ်ရက်မှာ ပရိုတင်းဓာတ်စားသုံးမှုက၂ ဂရမ်ထက်မပိုရပါဘူး။ ပိုလျှံနေတဲ့ ပရိုတင်းဓာတ်တွေကို ခန္ဓာကိုယ်က အဆီအဖြစ်သိုလှောင်ထားမှာဖြစ်ပြီး ပရိုတင်းဓာတ်အများအပြားစားတာက ကျောက်ကပ်ကိုလည်းပျက်စီးစေပါတယ်။ အကောင်းဆုံးကတော့ ပရိုတင်းဓာတ်ရတဲ့ အသား ၊ ကြက်ဥ ၊ ပဲအမျိုးမျိုးတို့နဲ့အတူ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုပါ စားပေးရပါမယ်။

(၄) အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပါ

man with jumping rope

Source : Freepik

အေရိုးဗစ်လေ့ကျင့်ခန်းတွေဖြစ်တဲ့ ခပ်သွက်သွက်လမ်းလျောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးနင်းခြင်း ၊ ရေကူးခြင်း ၊ ကြိုးခုန်ခြင်း စတဲ့ကိုယ်လက်လှုပ်ရှားအားကစားနည်းတွေကို တစ်ရက်လျှင် မိနစ် ၃၀ ခန့် ၊ တစ်ပတ် ၅ ရက်လောက်လုပ်ပေးဖို့လိုပါတယ်။ ဒီလေ့ကျင့်ခန်းတွေက Gym သွားစရာမလိုပဲ လုပ်လို့ရပြီး အဆီပိုကင်းစေကာ အမျိုးသားတွေအတွက်အရေးကြီးတဲ့ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

(၅) အိပ်ရေးဝဝအိပ်ပါ

Man sleeping in the comfortable bed
Source : Freepik

အိပ်စက်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာရေးနဲ့တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။ အိပ်ချိန်နည်းသူတွေ ၊ ပုံမှန်အိပ်ချိန်မရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာ အဆီပိုတွေတက်ဖို့ ရာခိုင်နှုန်းပိုများသလို စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းကဲ့သလို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေလည်းခံစားရနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်စက်မယ်ဆိုရင်တော့ ကြွက်သားတည်ဆောက်ရာမှာလည်း အထောက်အကူဖြစ်စေသလို ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းတဲ့ ခန္ဓာကိုယ်ကို ရရှိစေမှာပါ။