အလေးတုံးများ အသုံးမပြုဘဲ ခန္ဓာကိုယ်ကြွက်သားများ ကြီးထွားလာအောင် ပြုလုပ်နိုင်ပါ့မလား။ ဒီမေးခွန်းကတော့ ဆယ်ကျော်သက် ယောကျာ်းများအတွက်သာမက အရွယ်ရောက်ပြီးသား ယောကျာ်းများအတွက်ပါ ခေါင်းစားစေတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။

တကယ်တော့ အလေးတုံးများ အသုံးမပြုဘဲ ကြွက်သားများ မြန်မြန်ကျစ်လျစ်တောင့်တင်းပြီး ကြီးထွားလာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ တစိုက်မတ်မတ်နဲ့ ဇွဲမလျော့ဘဲ လုပ်ဆောင်တတ်ဖို့တော့လိုပါလိမ့်မယ်။

ဒါဆိုရင် အလေးတုံးအသုံးမပြုဘဲ ကြွက်သားများ မြန်မြန်ကျစ်လျစ်တောင့်တင်းစေဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ရမလဲ။

အပြေးလေ့ကျင့်ခန်း (သို့) မြန်မြန်လမ်းလျှောက်သော လေ့ကျင့်ခန်းများ ပြုလုပ်ပါ

workout tips for men

သင်က အခုမှ လေ့ကျင့်ခန်း စလုပ်မယ့်သူဆိုရင်တော့ လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းဖြင့် အစပြုသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ သက်လုံကောင်းပြီး အမောခံနိုင်လာတဲ့အခါ ခပ်မြန်မြန်လမ်းလျှောက်ပါ။ ရက်အနည်းငယ် ကြာပြီး ခွန်အားကြီးလာသလို ခံစားရပြီဆိုရင်တော့ အပြေးလေ့ကျင့်ခန်းကို အစပြုလို့ရပါပြီ။

Push-Ups လေ့ကျင့်ခန်း ပြုလုပ်ပါ

workout tips for men

ဒီလေ့ကျင့်ခန်းကတော့ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေဖြစ်တဲ့ လက်မောင်းကြွက်သား၊ နောက်ကျောကြွက်သား၊ ပုခုံးကြွက်သားနှင့် ရင်အုပ်ကြွက်သားများကို ကြီးထွားစေပါလိမ့်မယ်။

Crunches လေ့ကျင့်ခန်းပြုလုပ်ပါ

workout tips for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကတော့ သင့် ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပြီး တစ်နေ့ကို ၁၅ ကြိမ်၊ ၄ ခါခန့် ပြုလုပ်ပေးရပါမယ်။

Dips လေ့ကျင့်ခန်း ပြုလုပ်ပါ

workout tips for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကတော့ ခုံတစ်လုံးရှိရုံနဲ့င် အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၅ ကြိမ်၊ ၄ ခါခန့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Pull-Ups လေ့ကျင့်ခန်းပြုလုပ်ပါ

workout tips for men

Source: Pinterest.com

ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများကို သန်မာစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

Squats ထိုင်ပါ

workout tips for men

Source: Flabfix.com

Squats ထိုင်ခြင်းကတော့ သင့်ရဲ့ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သားနှင့် နောက်ကျောကြွက်သားများ သန်မာကြီးထွားလာအောင် ကူညီပေးနိုင်ပါတယ်။

Source: Yourstory.com