သူငယ်ချင်းတွေထဲက ဘော်ဒီတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်ကောင်တွေကို အားကျလို့Gym ကစားတော့မှာလား။ ဒါဆို အခုပြောမယ့် အခြေခံအချက်ကလေးတွေ သိထားသင့်ပါတယ်။

နည်းစနစ်မှန်ပါစေ

Muscular man doing push ups on one hand

Source : Freepik

အားကစားလေ့ကျင့်ပေးတဲ့ Trainer တွေဟာ ဘယ်သူ့ကို ဘယ်နည်းလမ်းနဲ့လေ့ကျင့်ပေးရမလဲ ကောင်းကောင်း သိသူတွေပါ။ သူတို့ပေးတဲ့ နည်းစနစ်အတိုင်း အတိအကျ လုပ်ဖို့နဲ့မသိရင် Trainer ကို မေးဖို့မစိုးရွံ့သင့်ပါဘူး။ နောက်တစ်ခုက ဒီနေ့တော့ Lift အများကြီး မ မယ် နောက်တစ်နေ့Gym လာကစားချင်မှ ကစားမယ်ဆိုတာမျိုးကလည်း Workout မထိရောက်နိုင်ပါဘူး။

ကောင်းကောင်းစားပါ

happy man eating fresh salad in the kitchen

Source : Freepik

Gym ကစားမယ်ဆိုရင် အစားအသောက် ဂရုစိုက်ဖို့လိုပါပြီ။ ဂရုစိုက်ဆိုရာမှာ ဟိုဟာ မစားရ ဒီဟာမစားရ ဆိုတာထက် အာဟာရပြည့်ပြည့်ဝဝ စားဖို့နဲ့စားသမျှအားဖြစ်စေဖို့ပါ။ ဒီအတွက် Gym Trainer တွေကလည်း စားသင့်တဲ့ Diet Plan ပေးပါလိမ့်မယ်။ စားဖြစ်ဖို့ပဲ လိုတာပါ။

Plan နဲ့သွားပါ

Male athlete workout on running exercise machine. active sport training in gym

Source : Freepik

Gym သွားကစားမှာက မနက်ပိုင်းလား ၊ ညနေပိုင်းလား။ တစ်ပတ်ကို ၃ ရက်လား ၅ ရက်လား ။ စသည်ဖြင့် Gym Plan လေး ထားသင့်ပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့တွဲပြီး ကစားဖြစ်ရင် ပိုပြီးလည်း Motivate ဖြစ်သလို Gym ကစားတာလည်း ထိရောက်ပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ

Young guy sleeping in bed wearing smartwatch or sleep tracker

Source : Freepik

လှုပ်ရှားမှုနဲ့အနားယူခြင်းဟာ ဟန်ချက်မျှနေဖို့လိုပါတယ်။ Gym ကစားထားတဲ့ ခန္ဓာကိုယ်ဟာ သာမန်လူတွေထက်တောင် ပိုပြီး အနားပေးဖို့လိုပါတယ်။ ဒါဟာ ကြွက်သားတည်ဆောက်မှုအတွက် အချိန်ပေးလိုက်တာ ဖြစ်သလို နောက်တစ်နေ့Gym ခန်းသွားဖို့အတွက်ပါ ဘက်ထရီသွင်းနေတာ ဖြစ်ပါတယ်။