လူတိုင်းဟာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို တောင့်တကြပေမယ့် တကယ်တမ်း ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အရာတွေကို လုပ်ဖိ့ုတော့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးဆိုတာ စောင့်ရှောက်ရတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို တတ်နိုင်သမျှ စောင့်ရှောက်ရင်း လူ့သက်တမ်းကို ဆွဲဆန့်နိုင်မယ့် အလေ့အကျင့်ကောင်းတစ်ချို့ကို သိထားဖို့လိုပါတယ်။
(၁) တစ်နေ့ကို မိနစ် ၃၀ အနည်းဆုံး လှုပ်ရှားပေး

Source: Pixabay
အမြဲတမ်းလှူပ်ရှားပေးပါ။ ထိုင်တာ ကြာသွားရင် မတ်တပ်ရပ်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်ပေးပါ။ လှုပ်ရှားမှူဟာ လူကို စွမ်းအင်ပေးပါတယ်။ မပြတ်လှုပ်ရှားမှုကြောင့် လူဟာ နေမကောင်း ထိုင်မသာ ဖြစ်တာ နည်းပါးပြီး ကိုယ်လက်ကြံ့ခိုင်မှု အားကောင်းလာပါတယ်။ အနည်းဆုံး အကြောလျှော့တာဖြစ်ဖြစ် အနှေးပြေးလေ့ကျင့်တာ ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
(၂) များများမတ်တပ်ရပ်

Source: Pixabay
ခန္ဓာကိုယ်ပုံစံဟာ သင့်ကျန်းမာရေးနဲ့ လူ့သက်တမ်းကို အတိုအရှည် ဆွဲဆန့်နိုင်တယ်ဆိုရင် ပိုတယ်လို့ထင်ကြပါလိမ့်မယ်။ အခုခေတ်မှာ လှူပ်ရှားမှုနည်းပြီး အထိုင်များရင် သေလောက်တဲ့ရောဂါ ဝင်နိုင်တယ်ဆိုတာ လူတိုင်း လက်ခံလာကြပြီ ဖြစ်ပါတယ်။ အထိုင်များခြင်းရဲ့ ဆန့်ကျင်ဘက်တစ်ခု ဖြစ်တဲ့ မတ်တပ်ရပ်တဲ့ အလေ့များခြင်းကတော့ သက်တမ်းပိုရှည်ဖို့ အကြောင်းတစ်ခု ဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူများက ထောက်ခံထားကြပါတယ်။
(၃) ရေသောက်သုံးမှု များပါစေ

Source: pixabay
ခန္ဓာကိုယ်ရဲ့ ၆၀% ခန့်ဟာ ရေဓါတ်ဖြစ်ပါတယ်။ ရေကောင်းရေသန့် လုံလောက်အောင် သောက်သုံးပေးခြင်းဟာ လူကို ကြည်လင် လန်းဆန်းပြီး ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှု စနစ်ကောင်းမွန်စေပါတယ်။ ရေသောက်ရာမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ အဟာရဓါတ်တွေကို စားသုံးနေရတယ်လို့ မှတ်ယူပြီး အနည်းဆုံး ရေဖန်ခွက် ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်သုံးသင့်ပါတယ်။
(၄) အိပ်တာဟာ ဇိမ်ခံတာ မဟုတ်

Source: runtastic.com
အိပ်စက်မှုနဲ့ လူ့ကျန်းမာရေး ဆက်စပ်မှုကို လူတွေဟာ ရှေးကတည်းက သတိထားမိခဲ့ကြပါတယ်။ အိပ်ရေးမဝဘဲ အနားမရတဲ့ လူတစ်ယောက်ဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ဖျားလွယ်နာလွယ်နိုင်ပါတယ်။ တစ်နေ့ ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ပေးခြင်းအားဖြင့် အာရုံစူးစိုက်မှု ပိုကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သလို စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။
(၅) လေကောင်းလေသန့်ရှုရှိုက်ပါ

Source: Pixabay
ပြတင်းတံခါးတွေ ဖွင့်ထားပြီး လေသန့်သန့်လေးတွေ ဝင်လာပါစေ။ ဖြစ်နိုင်ရင် သစ်တောသစ်ရိပ်မှာ လမ်းလျှောက်တာ ၊ အနားယူတာ လုပ်သင့်ပါတယ်။ မြို့ပြမှာနေသူတွေအတွက်ကတော့ အခန်းထဲက တံခါးတွေ ဖွင့်ထားတာ ၊ ပန်းခြံတွေထဲ သွားနားတာ လုပ်နိုင်ပါတယ်။ အခန်းထဲမှာပဲ အချိန်အကြာကြီး အောင်းနေတာဟာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။
(၆) သောကနည်းအောင်နေပါ

Source: Pixabay
ဘဝမှာ ကိုယ်မကြိုက်တာချည်းကို ကြိတ်ပြီး လုပ်နေရပြီဆိုရင် စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ကိုယ့်စိတ်အာရုံကို ရှုပ်ထွေးမွန်းကြပ်စေမယ့် အရာတွေကနေ ဝေးအောင်နေပါ။ တကယ်လို့ ဝေးအောင်နေလို့မရဘူးဆိုရင် ကိုယ့်စိတ်ကို ပြင်ဆင်ပြီး စိတ်ခံစားမှု မလွန်ကဲအောင် နေသင့်ပါတယ်။ အကောင်းဆုံးကတော့ တရားထိုင်တာ ၊ ယောဂကျင့်တာနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုးတွေဟာ စိတ်သောက နည်းစေမယ့် အလေ့အကျင့်ကောင်းတွေပဲ ဖြစ်ပါတယ်။
