နေ့တိုင်း Gym ရုံကို သွားတာ လနဲ ချီ ကြာနေပြီ။ လူလည်း ပိုပြီးပင်ပန်းလာတယ်။ ဘော်ဒီလည်း တက်မလာဘူးဆိုရင် အာဟာရကို နည်းလမ်းတကျ မစားရသေးတာကြောင့်လို့ပြောချင်ပါတယ်။ ဝိတ်ချဖို့ပဲ အားကစားလုပ်လုပ်၊ ကိုယ်ကာယ ကြံ့ခိုင်ချင်လို့ပဲ Workout ဆော့ဆော့ အစားအသောက်ကို စည်းစနစ်နဲ့ စားပေးဖို့က မဖြစ်မနေ အရေးကြီးပါတယ်။ Gym ကစားနေပြီဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို အမြန်ရောက်ဖို့ ဒီအစားအသောက်တွေ စားပေးသင့်ပါတယ်။
(၁) ဂျုံ၊ ပြောင်း

Source: Freepik
ကြွက်သားတွေတက်ဖို့ ကစားသူတွေကတော့ ဂျုံစားသင့်ပါတယ်။ ဝိတ်ချမယ့်သူတွေကတော့ ဂျုံတို့ ပဲပြောင်းတို့လို ကာဗွန်ဟိုက်ဒရိတ်တွေကို လျှော့စားသင့်ပါတယ်။ ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်ကြမ်းတွေမှာဆို ကျန်းမာရေးအတွက်ကောင်းပြီး ဝိတ်ချမယ့်သူရော၊ ဘော်ဒီတက်အောင် ကစားတဲ့သူပါ အဆင်ပြေပါတယ်။
(၂) သဘာဝ ချိစ်

Source: Freepik
သူလည်း ဂျုံလိုမျိုးပါပဲ။ ကြွက်သားကြီးထွားဖို့အတွက် စားပေးသင့်တဲ့အထဲမှာပါပြီး အစာချေဖျက်မှု နှေးစေတဲ့ ပရိုတိန်းဓါတ်ပါလို့ကြွက်သားကို ထိန်းတဲ့ နေရာမှာလည်း အသုံးတည့်ပါတယ်။
(၃) အမဲသား

Source: Freepik
စားကျက်မှာ လွတ်လွတ်လပ်လပ် မြက်စားတဲ့ နွားကထုတ်တဲ့ အသားကို Grass-Fed Beef လို့ ခေါ်ပါတယ်။ ဒီလို အသားတွေဟာ ဟော်မုန်း အသားတိုးဆေးတွေထိုးပြီး မွေးတဲ့ မွေးမြူရေးနွား မဟုတ်တာကြောင့် ကျန်းမာရေးနဲ့ပိုညီညွတ်ပြီး အဆီလည်းနည်းပါတယ်။ Grass-Fed Beef မှာ သဘာဝ အိုမီဂါသရီး ဖက်တီးအက်ဆစ်၊ ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ ဗိုက်တာမင်နဲ့နှလုံးနဲ့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ Linoleic Acid ဓါတ်များ ပါဝင်ပါတယ်။
(၄) တူနာနဲ့ ငါးအမျိုးမျိုး

Source: Pexels
ငါးတွေမှာ ပရိုတိန်းလို့ခေါ်တဲ့ အသားဓါတ်အပြင် အဆီနည်းပြီး အိုမီဂါဖက်တီး သရီးအက်ဆစ်ဓါတ်ကြွယ်ဝတာကြောင့် ဝိတ်ချဖို့Gym ကစားတဲ့သူတွေအတွက်ပါ ကောင်းမွန်ပါတယ်။
(၅) ဥအမျိုးမျိုး

Source: Freepik
ကြက်ဥ၊ ငုံးဥ စသည်ဖြင့် ဥတွေမှာ ပရိုတိန်းဓါတ်မြင့်မားပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုး၊ ကျန်းမာတဲ့ အဆီနဲ့ဗိုက်တာမင် ဒီဓါတ်တွေ ပါဝင်ပါတယ်။ ကြက်ဥဟာ အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးသက်သာတဲ့ အစားအစာလည်းဖြစ်လို့Diet အတွက် လက်စွဲထားသင့်ပါတယ်။
