အားကစားမှန်မှန် ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ အချို့ကတော့ ကျန်းမာရေးကောင်းမွန်ဖို့ရန်အတွက် အားကစားပြုလုပ်ကြပြီး အချို့ကတော့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ချေဖျက်ဖို့ရန်အတွက် အားကစား ပြုလုပ်ကြပါတယ်။
အားကစား အမျိုးအစား အများအပြားရှိကြသလို အားကစားလိုက်စားသူများကလည်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပြုလုပ်ကြပါတယ်။ အားကစားအမျိုးအစား မျိုးစုံရှိသည့်အနက် အပြေးအားကစားက ယောကျာ်းများအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်သလဲ။
ပြေးခြင်းက အသက်ရှည်ရှည်နေရအောင် ကူညီပေးခြင်း

Photo Source: Adobe.com
ဆေးသုတေသနလေ့လာချက်များအရ အပြေးအားကစားသမားများက အပြေးလေ့ကျင့်ခန်း မပြုလုပ်သူများထက် ပိုမိုကျန်းမာပြိး ပိုမိုအသက်ရှည်တာကို လေ့လာတွေ့ရှိရပါတယ်။
ပြေးခြင်းက ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ခြင်း

Photo Source: Medicaltransformationcenter.com
အသက်တဖြည်းဖြည်း ကြီးရင့်လာသည်နှင့်အမျှ ယောကျာ်းများ၏ ခန္ဓာကိုယ်ရှိ အဆီပိုများသည် ဝမ်းဗိုက်တွင် စုစည်းလာကြပါတယ်။ အထူးသဖြင့် ဘီယာကြိုက်သောယောကျာ်းများတွင် ဘီယာဗိုက်လို့ ခေါ်ဝေါ်ကြသည့် ဗိုက်ပူပူကြီးများ ပိုင်ဆိုင်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း မိနစ် ၃၀ ခန့် ပြေးခြင်းအားဖြင့် ဝမ်းဗိုက်ရှိ အဆီပိုများ လျော့ကျသွားနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဒီဓာတ်များ ရရှိနိုင်ခြင်း

Photo Source: Lifeextension.com
လူသားတွေရဲ့ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဒီဓာတ်ကို နေရောင်ခြည်ထံမှ ရရှိပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာ လူအများစုက အိမ်အတွင်း၊ ရုံးခန်းအတွင်းထဲမှာပဲ အနေများကြတဲ့အတွက်ကြောင့် ဗီတာမင်ဒီဓာတ်ကို မရရှိကြပါဘူး။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဒီဓာတ်ကို မရရှိတဲ့အခါ စိတ်ကျရောဂါ၊ ဆီးချိုရောဂါတို့အပြင် အရိုးနှင့် ပတ်သက်သောရောဂါများကို ခံစားရတတ်ပါတယ်။
ဒါပေမဲ့ မနက်စောစော ထပြေးပေးခြင်းအားဖြင့် အထက်ပါရောဂါများကို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
ပိုက်ဆံအကုန်အကျနည်းခြင်း
Photo Source: Photodune.net
အပြေးအားကစားသည် မည်သည့်အားကစားပစ္စည်းမှ မလိုအပ်သာ အားကစားတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ငွေကုန်ကြေးကျနည်းစေပါတယ်။ ဒါ့အပြင် မည်သည့်နေရာမရွေး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် နေရာအခက်အခဲလည်း ရှိမှာမဟုတ်ပါဘူး။
အအေးမိဖျားနာခြင်းမှ ကာကွယ်ပေးခြင်း

Photo Source: Telegraph.co.uk
တစ်နေ့လျှင် မိနစ် ၃၀ ခန့် ပြေးခြင်းအားဖြင့် ခန္ဓာကိုယ်ရှိ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်လို့ ဆေးသုတေသန လေ့လာချက်များအရ သိရှိရပါတယ်။ တကယ်လို့ အအေးမိဖျားနာခဲ့တယ်ဆိုရင်တောင် ပြင်းပြင်းထန်ထန်မခံစားရဘဲ အလွယ်တကူ ပျောက်ကင်းသွားကြပါတယ်။
Source: Mensjournal.com

