ကျွနု်ပ်တို့ရဲ့ မနက်စာအတွက် လွယ်ကူရိုးရှင်းစွာနဲ့ ကြော်လှော်စားသုံးနိုင်တဲ့ အစားအစာတွေထဲမှာ ကြက်ဥကလည်း တစ်ခုအပါအဝင်ပါပဲ။ အထူးသဖြင့် အားကစားလိုက်စားတဲ့ ယောကျာ်းများအတွက် ကြက်ဥက အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။
ဒါပေမဲ့ ကြက်ဥအနှစ်က ကိုလက်စတော အလွန်များတဲ့အတွက်ကြောင့် ဝိတ်ချချင်သူများက ကြက်ဥအကာကိုသာ စားသုံးလေ့ရှိပါတယ်။ ကြက်ဥအကာကိုသာ စားသုံးခြင်းကြောင့် ရရှိနိုင်မယ့်အကျိုးကျေးဇူးများကလည်း အများအပြားပါပဲ။
အာရုံကြောစနစ်အတွက် ကောင်းမွန်ခြင်း

Photo Source: Softpedia.com
Choline လို့အမည်ရတဲ့ ဒြပ်ပေါင်းတစ်မျိုးကတော့ ကြက်ဥထဲတွင် တွေ့ရှိရတဲ့ ကောင်းကျိုးပေးစွမ်းနိုင်သော ဒြပ်ပေါင်းတစ်မျိုးပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ လုံလောက်တဲ့ Choline ဓာတ်ရရှိမယ်ဆိုရင်တော့ အာရုံကြောစနစ် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
ကြွက်သားများ သန်မာကြီးထွားစေခြင်း

Photo Source: Thehealthy.com
ကြက်ဥအကာများသည် ပရိုတင်းဓာတ်ကြွယ်ဝသော အစာအရင်းအမြစ်များဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ပရိုတင်းဓာတ်ကို ရရှိမှသာလျှင် ခန္ဓာကိုယ်ကြွက်သားများကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကြက်ဥအကာသည် ကြွက်သားများ သန်မာကြီးထွားချင်သော ယောကျာ်းများအတွက်သာမက ကလေးငယ်များအတွက်ပါ မရှိမဖြစ်မှီဝဲသင့်တဲ့ ပရိုတင်းဓာတ်ပဲဖြစ်ပါတယ်။
သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

Photo Source: Irishtimes.com
သင့်မှာ သွေးတိုးရောဂါရှိတယ်ဆိုရင်တော့ ဒါက လျစ်လျူမရှုသင့်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က သွေးတိုးရောဂါကို လျော့ချပေးနိုင်ဖို့အတွက် ပိုတက်စီယမ်ဓာတ် လိုအပ်ပါတယ်။ ကြက်ဥအကာထဲမှာ ပိုတက်စီယမ်ဓာတ်များ လုံလောက်စွာပါဝင်တဲ့အတွက်ကြောင့် သွေးတိုးသမားများအနေနဲ့ ကြက်ဥအကာကို နေ့စဉ်စားသုံးသင့်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်းမှ ကာကွယ်ပေးခြင်း

Photo Source: Totalcare-la.com
အမောအပန်းမခံနိုင်သူများက သံဓာတ်အားနည်းလေ့ရှိကြပါတယ်။ တကယ်လို့ သင့်အနေနဲ့ မကြာခဏ ခေါင်းမူးတတ်မယ်။ ပင်ပန်းနွမ်းနယ်လွယ်မယ်ဆိုရင်တော့ သင် စားသုံးတဲ့အစားအစာတွေထဲမှာ ကြက်ဥအကာကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ကြက်ဥထဲမှာ ပါဝင်တဲ့ မဂ္ဂနိစ်နှင့် မဂ္ဂနီစီယမ်ဓာတ်များက ပင်ပန်းနွမ်းနယ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
တစ်နေ့လျှင် ကြက်ဥအကာ ဘယ်နှလုံးခန့် စားသုံးသင့်သလဲ။

Photo Source: Bbcgoodfood.com
တစ်နေ့လျှင် ကြက်ဥအကာ ၁ လုံး (သို့) ၂ လုံးခန့်သာ စားသုံးသင့်ပါတယ်။ ထိုပမာဏထက် ပိုမစားသင့်ပါဘူး။ ကြက်ဥအကာက ခန္ဓာကိုယ်ထဲ ရောက်သွားလျှင် ခန္ဓာကိုယ်အပူချိန်ကို မြှင့်တက်စေလာတာကြောင့် နွေရာသီမှာတော့ တစ်နေ့လျှင် တစ်လုံးသာ စားသုံးသင့်ပါတယ်။ ဝိတ်ကျချင်သူများကတော့ တစ်နေ့လျှင် ကြက်ဥအကာ ၂ လုံးကနေ ၄ လုံးခန့်အထိ စားသုံးသင့်ပါတယ်။ ထိုပမာဏထက် ကျော်လွန်ပြီးတော့ မစားသုံးသင့်ပါဘူး။
