အားကစား လိုက်စားခြင်းသည် ကျန်းမာရေးကို ညီညွှတ်စေပြီး အသက်ရှည်ကျန်းမာကာ အနာရောဂါကင်းဝေးစေပါတယ်။ အားကစားပြုလုပ်ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ နာတာရှည်ရောဂါများအန္တရာယ်မှာ ကာကွယ်ပေးနိုင်ပါတယ်။ အားကစားပြုလုပ်တဲ့သူက အားကစားမလုပ်တဲ့သူထက်စာရင် ပိုမိုအရွယ်တင်နုပျိုပြီး ကျန်းမာရေးပိုကောင်းတာကို သိသိသာသာတွေ့မြင်နိုင်ပါတယ်။

အားကစားလို့ဆိုရာမှာလည်း အချို့က ဝါသနာအရ သူငယ်ချင်း၊ မိတ်ဆွေများနှင့် အပျော်တမ်းဆော့ကစားသူများလည်း ရှိသလို အချို့ကလည်း ပါရမီနှင့် ကြိုးစားအားထုတ်မှုတို့ကို စုပေါင်းကာ မိမိဘဝအတွက် ဝင်ငွေရဖို့ရန် သက်မွေးအလုပ်အကိုင်တစ်ခုအဖြစ် ဆော့ကစားကြသူများလည်းရှိပါတယ်။

ကျွမ်းကျင်အားကစားသမားများကတော့ လူအများရဲ့အားပေးမှုကို ခံကြရပြီး သူတို့ဆီမှာ ပရိတ်သတ်ထောက်ခံမှုလည်း အပြည့်အဝရရှိကြပါတယ်။ နာမည်ကြီး ကျွမ်းကျင်အားကစားသမား အမြောက်အမြားရှိသည့်အနက် လူကြိုက်အများဆုံးနှင့် နာမည်အကြီးဆုံး အားကစားသမား (၁၀) ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

(10) Kobe Bryant

Kobe

ဘက်စကတ်ဘောလို့ ပြောလိုက်တာနဲ့ Kobe Bryant က ဆရာတစ်ဆူပဲဖြစ်ပါတယ်။

(9) Rafael Nadal

rafael

တင်းနစ်လောကမှာ လူကြိုက်အများဆုံး ကစားသမားကတော့ Rafael Nadal ပဲဖြစ်ပါတယ်။

(8) James Rodriguez

James

ဘောလုံးလောကမှာ James Rodriguez ကတော့ နာမည်ကြီးအားကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကျော်ကြားဆုံး နံပါတ် (၈) နေရာမှာ ချိတ်ပါတယ်။

(7) Tiger Woods

tiger woods

Tiger Woods ကတော့ ဂေါ့ဖ်ရိုက်သူတွေရဲ့အသည်းကျော်တစ်ဦးပဲဖြစ်ပါတယ်။

(6) Kevin Durant

Kevin Durant

Kevin ကတော့ Kobe နည်းတူ နာမည်ကြီးပါတယ်။

(5) Roger Federer

Roger

ဆွစ်ဇာလန်နိုင်ငံက တင်းနစ်အကျော်အမော် Roger Federer ကတော့ နံပါတ် (၅) နေရာမှာ ချိတ်ပါတယ်။

(4) Neymar Jr.

Neymar

ဘရာဇီးနိုင်ငံမှ ကစားသမားတစ်ယောက်ဖြစ်တဲ့ Neymar ကတော့ ယောကျာ်းလေးတွေတင် ကြိုက်တာမဟုတ်ပါဘူး။ မိန်းကလေးဘောလုံးပရိသတ်များအကြားလည်း ရေပန်းစားပါတယ်။

(3) Lionel Messi

Lionel Messi

အာဂျင်တီးနားကစားသမား Messi ကလည်း Neymar နဲ့ အပြိုင်အဆိုင်ပါပဲ။

(2) LeBron James

LeBron James

ဘတ်စကတ်ဘောဆော့ရာမှာ သူမတူအောင် ဆော့ကစားနိုင်တဲ့ LeBron James ကတော့ နံပါတ် (၂) နေရာ ချိတ်ပါတယ်။

နံပါတ် (၁) နေရာမှာ ဘယ်သူနေရာယူထားမယ်လို့ ထင်ပါသလဲ။

(1) Cristiano Ronaldo

Cristiano Ronaldo

ဘောလုံးပရိသတ်များအားလုံးရဲ့အသည်းကျော် Cristiano Ronaldo ပဲဖြစ်ပါတယ်။

သင့်အကြိုက်ဆုံး အားကစားသမားကရော ဘယ်သူဖြစ်မလဲ။

Source: Businessinsider.in