Plank ထောက်ခြင်းသည် ယနေ့ခေတ်မှာ လူအများကြား ရေပန်းစားတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ Plank ထောက်ခြင်းသည် ဝမ်းဗိုက်ကြွက်သားများ၊ ပုခုံးကြွက်သားများကို သန်မာလာအောင် ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။
အလုပ်များတဲ့ ယောကျာ်းများအတွက်တော့ တစ်နေ့ကို ၅ မိနစ်စာလောက် Plank ထောက်ပေးပါက တစ်လကြာတဲ့အခါ ထူးခြားတဲ့ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပါတယ်။ သင့်အနေနဲ့ ခန္ဓာကိုယ်အနေအထားမှန်မှန်ဖြင့် Plank ထောက်ပေးဖို့ပဲလိုတာပါ။
လေ့ကျင့်ခန်း (၁)

Photo Source: Openfit.com
လက်ဖဝါဖြင့် Plank ထောက်တဲ့လေ့ကျင့်ခန်းကိုတော့ ၁ မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)

Photo Source: Menshealth.com
တံတောင်ဖြင့် Plank ထောက်ခြင်းကိုတော့ စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)

Photo Source: Everpixel.com
စောစောက လေ့ကျင့်ခန်းအတိုင်း တံတောင်ဖြင့် Plank ထောက်တဲ့အနေအထားကိုမှ ညာခြေတစ်ဖက်မြှောက်ကာ စက္ကန့် ၃၀ ခန့် တောင့်ထားရမှာဖြစ်ပါတယ်။ ညာခြေမြှောက်ပြီးတဲ့အခါ ဘယ်ခြေပြန်မြှောက်ပြီး နောက်ထပ် စက္ကန့် ၃၀ ခန့် ထပ်လုပ်ရပါမယ်။
လေ့ကျင့်ခန်း (၄)

Photo Source: Focusfitness.net
ခန္ဓာကိုယ်ကို တစ်ခြမ်းစောင်းကာ ညာတံတောင် ထောက်ထားပြီး စက္ကန့် ၃၀ ခန့် Plank ထောက်ရမှာဖြစ်ပါတယ်။ သတ်မှတ်ချိန်ပြည့်ပါက ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့လှည့်ကာ ဘယ်တံတောင် ထောက်ပြီး နောက်ထပ် စက္ကန့် ၃၀ ခန့် ထပ်မံတောင့်ခံပေးထားလိုက်ပါ။
လေ့ကျင့်ခန်း (၅)

Photo Source: Openfit.com
လေ့ကျင့်ခန်း (၁)က ပုံစံအတိုင်း လက်ဖဝါးဖြင့် Plank ထောက်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ခန့် ထောက်ပေးပါ။
လေ့ကျင့်ခန်း (၆)

Photo Source: Menshealth.com
လေ့ကျင့်ခန်း (၂) က ပုံစံအတိုင်း တံတောင်ဖြင့် Plank ထောက်ရပါမယ်။ တစ်မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၆) မျိုးစလုံးအတွက် စုစုပေါင်းကြာချိန် ၅ မိနစ်သာ ကြာမြင့်မှာဖြစ်တဲ့အတွက် လေ့ကျင့်ခန်းတစ်ခုနှင့် တစ်ခုအကြား နားလို့မရဘဲ ဆက်တိုက်ပြုလုပ်ပေးရပါမယ်။
Source: Brightside.me
