လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းသည် သင့်ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးအလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့အရာလုပ်နေရင် အဖျက်အဆီး အနှောင့်အယှက်တွေက ရှိစမြဲဆိုသလိုပဲ သင့်ရဲ့အလေ့အကျင့်ကောင်းကို ဆက်မလုပ်ဖြစ်အောင် တားဆီးနေတဲ့အရာအချို့ရှိပါတယ်။

ဥပမာအားဖြင့် Gym အမြဲသွားပြီး Workout သွားလုပ်နေကြသူတစ်ယောက်သည် အသင်းဝင်ကြေး တက်လာတဲ့အတွက်ကြောင့် Gym မသွားဖြစ်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံလာတဲ့အခါ Gym မှာ ဆော့ဖူးတဲ့ လေ့ကျင့်ခန်းများကို မိမိအိမ်မှာပဲ ပြန်ဆော့လို့ရအောင် ပြုလုပ်နိုင်ပါတယ်။

ကုလားထိုင် အသုံးပြုပါ

gym workout vs home workout for men

လူတိုင်းရဲ့အိမ်မှာ Dip Stand မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကုလားထိုင်တော့ ရှိကြမှာပါ။ အရွယ်အစားတူ ကုလားထိုင်နှစ်လုံး အသုံးပြုပါ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

ကျောပိုးအိတ်အသုံးပြုပါ

gym workout vs home workout for men

Gym မှာတော့ အလေးတုံးနှင့် ဘားတန်းတွေ အသုံးပြုခဲ့ရမှာပါ။ ဒါပေမဲ့ သင့်အိမ်မှာတော့ ကျောပိုးအိတ်ထဲ ပစ္စည်းအချို့ထည့်ကာ အလေးတုံးအဖြစ် အသုံးပြုနိုင်ပါတယ်။

နံရံကို အသုံးပြုပါ

gym workout vs home workout for men

သင့်အိမ်မှာ Gym ဆော့ဖို့အတွက် လိုအပ်တဲ့အဆင့်မြင့်ကိရိယာတွေ မရှိလို့ စိတ်မညစ်လိုက်ပါနဲ့။ နံရံကို အသုံးပြုကာ မိမိပြုလုပ်နေကျလေ့ကျင့်ခန်းများကို ပုံမှန်အတိုင်းဆက်လက်ပြုလုပ်နိုင်ပါတယ်။

ဆိုဖာအသုံးပြုပါ

gym workout vs home workout for men

သင့်အိမ်မှာရှိတဲ့ ဆိုဖာက တီဗွီကြည့်ဖို့တစ်ခုတည်းအတွက် အသုံးတည့်တာမဟုတ်ပါဘူး။ Sit-Ups လေ့ကျင့်ခန်း၊ Split Lunges ပြုလုပ်တဲ့အချိန်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

လှေကားများ အသုံးပြုပါ

gym workout vs home workout for men

Gym တွေမှာက အပြေးလေ့ကျင့်တဲ့စက် ရှိကြပါတယ်။ တချို့အိမ်တွေမှာလည်း ထိုစက်ကို ဝယ်ထားကြပါတယ်။ သင့်အနေနဲ့ ထိုစက် ဝယ်ရတာ ပိုက်ဆံဖြုန်းရာရောက်တယ်လို့ ယူဆတယ်ဆိုရင်တော့ သင့်တိုက်ခန်းလှေကားများ၊ အိမ်က လှေကားထစ်များအသုံးပြုကာ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

အလွတ်ဒိုက်ထိုးပါ

gym workout vs home workout for men

Gym မှာတော့ အလေးတုံးအသုံးပြုပြီး Dumbbell Press လေ့ကျင့်ခန်းများ ပြုလုပ်ဖူးပါလိမ့်မယ်။ သင့်အနေနဲ့ အိမ်မှာ အလေးတုံးမရှိလို့ဆိုပြီး Workout ပြုလုပ်တာကို ရပ်လိုက်စရာမလိုပါဘူး။ ပုံမှန်ဒိုက်ထိုးလေ့ကျင့်ခန်းနဲ့ အစားထိုးနိုင်ပါတယ်။

Source: Brightside.me