အားကစားမလုပ်ဖြစ်ရင် ကျန်းမာရေးထိခိုက်စေမယ့် နေထိုင်မှုဆီ ပိုရောက်နိုင်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ခက်တာက အတော်များများက အားကစားလုပ်ဖို့ စိတ်မပါကြတာပါပဲ။ ဒီလိုနဲ့ Gym ရုံမရောက်တဲ့သူတွေ ၊ အားကစားမလုပ်ဖြစ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာ အားကစားမလုပ်ဖြစ်သူတွေအတွက် အားကစားလုပ်ဖြစ်စေဖို့ နဲ့ Workout လုပ်တုန်း အားပြည့်အင်ပြည့်နဲ့ အားကစားလုပ်နိုင်ဖို့ အကြံတချို့ပေးချင်ပါတယ်။
(၁) သူငယ်ချင်းနဲ့အတူ အားကစားလုပ်ပါ

Photo: Freepik
အားကစားမလုပ်ဖြစ်တဲ့သူ အတော်များများ ပေးတဲ့ အကြောင်းပြချက်တစ်ခုက Gym ကစားဖော် သူငယ်ချင်းမရှိတာကြောင့်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရလည်း ကိုယ့်မှာ Workout ကစားဖော်သူငယ်ချင်းတစ်ယောက်ယောက် ရှိနေချိန်မှာ အားကစားပိုလုပ်ဖြစ်သလို စိတ်အားထက်သန်မှုလည်း ပိုတက်လာတတ်တယ်လို့ ဖော်ပြထားပါတယ်။
ကိုယ့်ပါတနာက ကောင်းရင်ကောင်းသလောက် ကိုယ့်ရဲ့ Workout Performance နဲ့ အားကစားလုပ်ဖြစ်မှုလည်း ပိုကောင်းလာမှာပါပဲ။ ဒါကြောင့် အားကစားလုပ်ဖြစ်ချင်ရင် အရင်ဆုံး အားကစားဝါသနာပါတဲ့ သူငယ်ချင်းနဲ့ အပေါင်းအသင်းလုပ်ပါလို့ ပြောချင်ပါတယ်။
(၂) Workout မလုပ်ခင် Carb စားပါ

Photo: Freepik
အားကစားမလုပ်ခင် အစာမစားဖို့ ပြောတာတွေ ကြားဖူးကြမှာပါ။ တချို့ဆို ပြေးတာတို့ ဝိတ်မတာတို့လို လေ့ကျင့်ခန်းတွေ မလုပ်ရင် Carbs မစားဖို့တောင် ပြောကြပါတယ်။ တကယ်တော့ သုတေသနအရဆိုရင် ဘယ်လို Workout မျိုးမဆို မလုပ်ခင်မှာ Carbs လို့ခေါ်တဲ့ ပန်းသီး ၊ ငှက်ပျော ၊ စတော်ဘယ်ရီ ၊ ပဲသီး ပဲတောင့်ရှည့် ၊ အယ်လ်မွန် ၊ သစ်ကြားစေ့ ၊ ဂျုံစတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ရဲ့ ပင်မလောင်စာတွေ ဖြစ်လို့ အားကစားမလုပ်ခင် နှစ်နာရီလောက် ခြားပြီး စားပေးထားခြင်းအားဖြင့် လူကို ပိုပြီး စွမ်းအင်ပြည့်စေပါတယ်။
(၃) သီချင်းနားထောင်ရင်း အားကစားလုပ်ပါ

Photo: Freepik
သီချင်းဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေပါတယ်။ အားကစားလုပ်နေချိန် သီချင်းနားထောင်တာကလည်း Workout Performance ကို ပိုတက်စေတယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုအရ ကိုယ်အကြိုက်ဆုံးသီချင်းဖွင့်ထားပြီး အားကစားလုပ်ခြင်းအားဖြင့် ကြွက်သားနဲ့ ခွန်အားပြန်ဖြည့်တင်းတဲ့ ဖြစ်စဉ်ကို ကူညီပေးနိုင်မယ့် Serotonin နဲ့ Dopamine Level ပိုတက်လာတယ်လို့ ပြောပါတယ်။
နောက်လေ့လာမှုတစ်ခုအရဆိုရင် တစ်မိနစ်မှာ Beats သံ ၁၃၀ ကနေ ၁၄၀ အကြား ရှိတဲ့ သီချင်းတွေဟာ လူရဲ့ Performance ကို တိုးမြှင့်ပေးနိုင်စွမ်းရှီတယ်လို့ပါ ဖော်ပြထားပါတယ်။ ဒီတော့ စိတ်ဓါတ်တက်ကြွစေမယ့် သီချင်းတွေဖွင့်ထားပြီး အားကစားလုပ်ခြင်းအားဖြင့်လည်း ထိရောက်တဲ့ Workout ကစားမှုကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနိုင်မယ်လို့ ဆိုချင်ပါတယ်။
(၄) ကော်ဖီ နဲ့ ချောကလိတ်နို့တစ်ခွက် သောက်ပါ

Photo: Freepik
Diet စားတဲ့ အားကစားသမားတွေဟာ ကော်ဖီရှောင်လေ့ရှိပါတယ်။ ကော်ဖီမှာ သကြား ၊ ခရမ် စတဲ့ ကယ်လိုရီတွေ အများကြီး ပါတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လေ့လာမှုတွေကတော့ ဒီအချက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။လေ့လာမှုတစ်ခုအရ ကော်ဖီဟာ စွမ်းအင်ပေးနိုင်တဲ့အပြင် စိတ်ခွန်အားနဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုတိုးမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။
နောက်ထပ် လေ့လာမှုတစ်ခုအရ Workout မကစားခင် နာရီဝက် တစ်နာရီလောက် ကြိုပြီး ကော်ဖီသောက်ထားသူဟာ အားကစားလုပ်ရာမှာ ပျော်ရွှင်တက်ကြွနေတတ်ပြီး အဆီလောင်ကျွမ်းမှုလည်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။ ချောကလက်နို့ကတော့ အားကစားလုပ်ပြီး သောက်ပေးခြင်းအားဖြင့် ကြွက်သားပြန်လည်ပြုပြင်မှုနဲ့ စွမ်းအင်ဖြည့်တင်းမှုကို နှိုးဆွပြီး ခန္ဓာကိုယ် ပြန်သန်စွမ်းမှုဖြစ်စဉ်ကို ကူညီပေးနိုင်စွမ်းရှိပါတယ်။
(၅) ရေသောက်ပါ

Photo: Freepik
Diet တို့ Workout တို့အကြောင်းပြောတိုင်း ရေသောက်ဖို့ပါ တစ်ပါတည်း ပြောကြပါတယ်။ ရေဟာ လူ့ကိုယ် ရေဓါတ်ဖြည့်တင်းမှုအတွက် အကောင်းဆုံးအာဟာရတစ်ခုဖြစ်ပါတယ်။ အားကစားလုပ်ထားလို့ ရေဓါတ်ဆုံးရှုံးနေသူဟာ ကိုယ်လုပ်တဲ့ Workout အပြင်းအပျော့နဲ့ ချွေးထွက်တဲ့အပေါ် မူတည်ပြီး ရေကို လိုသလို တိုးသောက်ပေးဖို့ လိုပါတယ်။
Gym ရုံကို လာပြီး အားကစားလုပ်သူတွေ အတော်များများဟာ အားကစားမလုပ်ခင်ကတည်းက ရေဓါတ်နည်းနေတတ်တယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်မှာ အားကစားလုပ်လိုက်တာကြောင့် ရေဓါတ်ခမ်းခြောက်ပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ Gym မှာ အားပြည့်အင်ပြည့်နဲ့ အားကစားလုပ်ချင်ရင် ရေသောက်ဖို့ မမေ့ပါနဲ့လို့ အကြံပေးလိုက်ရပါတယ်။
