Squat ထိုင်ခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းကို သန်မာစေတာကြောင့် တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ Squat ထိုင်နည်း အမျိုးအစား အများအပြားရှိသည့်အနက် ယောကျာ်းလေးများအတွက် သင့်တော်မယ့် လေ့ကျင့်ခန်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။
Squat ထိုင်ခြင်းကို အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်ပါတယ်။ အချို့လေ့ကျင့်ခန်းသည် ခြေထောက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားရပြီး အချို့လေ့ကျင့်ခန်းများကတော့ ခြေထောက်ကို ပုခုံးအကျယ်အတိုင်းပဲ ချဲထားရမျာဖြစ်ပါတယ်။
Sumo Squats
ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုချဲထားပြီး Squat ထိုင်ရမှာဖြစ်ပါတယ်။ ၁၅ ကြိမ်၊ ၃ ခါ ပြုလုပ်ရပါမယ်။
Source: Gfycat.com
Goblet Squats
ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီး အလေးတုံးကိုင်ကာ Squat ထိုင်ပေးရပါမယ်။ အလေးတုံး မရှိပါက ရေဘူး အသုံးပြုနိုင်ပါတယ်။
Source: Menshealth.com
Squat Pulses
ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပြီး Squat ထိုင်ပေးရပါမယ်။ Squat ထိုင်တဲ့အခါမှာလည်း အခြားသောလေ့ကျင့်ခန်းများနဲ့ မတူဘဲ ထိုင်လိုက် ထလိုက် မလုပ်ဘဲ ထိုင်ပြီး တင်ပါးကို အပေါ်မြှောက်တယ်ဆိုရုံသာ ထပ်မြောက်ပေးရုံပါပဲ။
Source: Flabfix.com
Jump Squats
ဒီလေ့ကျင့်ခန်းကတော့ Squat ထိုင်ပြီး ခုန်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။
Source: Flabfix.com
Pistol Squats
Source: Yahoomoviesuk.om
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး ညာဒူးကွေးကာ ဘယ်ခြေကို အရှေ့သို့ဆန့်တန်းကာ ထိုင်ချရမှာဖြစ်ပါတယ်။ ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်း အားလုံးကို ၁၅ ကြိမ်၊ ၃ ခါစီ ပြုလုပ်ရမှာဖြစ်ပါတယ်။
Source: Gqindia.com





