ယနေ့ခေတ်မှာတော့ ယောဂလေ့ကျင့်ခန်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေပါ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတွေအနေနဲ့ ဘာကြောင့်ယောဂလေ့ကျင့်ခန်းကို ပြုလုပ်သင့်တယ်ဆိုတဲ့ အချက်လေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

couple practicing yoga together at home using a laptop taking online yoga classes

Source : Freepik

ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အကြောတွေအားလုံးကို ဖြေလျော့စေပြီး အသက်ရှုသွင်းရှုထုတ်ရတဲ့နည်းကို အခြေခံပြုလုပ်ရတာဖြစ်တဲ့အတွက် စိတ်တည်ငြိမ်အေးချမ်းစေကာ စိတ်ဖိစီးမှုတွေကိုလျော့ကျစေမှာဖြစ်ပါတယ်။ အသက်ရှုသွင်းလိုက်တဲ့ အချိန်တိုင်းမှာလည်း ဦးနှောက်အတွင်းသို့ သန့်စင်တဲ့ အောက်စီဂျင်များ ဝင်ရောက်လာတာကြောင့် စိတ်ကိုကြည်လင် လန်းဆန်းစေတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့ အမျိုးသားတွေ အနေနဲ့ ယောဂလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

(၂) စွမ်းဆောင်ရည် တိုးတက်စေတယ်

Experienced yogi doing scorpion yoga pose in gym

Source : Freepik

အမျိုးသားတွေအတွက် အဓိကကျတဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ယောဂကစားခြင်းဖြင့် တိုးတက်လာစေမှာဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေရဲ့ သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် အမျိုးသားလိင်အင်္ဂါပိုင်းဆိုင်ရာမှာပါ အထောက်အပံ့ကောင်းတွေ ဖြစ်စေပြီး ကျားဟော်မုန်းတိုးစေပါတယ်။ ဒါ့အပြင် အမျိုးသားလိင်အင်္ဂါနဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ ဆီးကြိတ်ရောဂါတွေကိုလည်း ကောင်းစွာကာကွယ်ပေးပါတယ်။ ကလေးယူဖို့ကြိုးစားနေတဲ့ အိမ်ထောင်ရှင်အမျိုးသားတွေအတွက်လည်း အကောင်းဆုံးစိတ်ဖိစီးမှု လျော့ကျစေတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ကလေးရ နိုင်ချေပိုများစေတာဖြစ်ပါတယ်။

(၃) ကိုယ်အလေးချိန်ကျစေတယ်

man doing yoga asanas in city park. young citizen exercising outside

Source : Freepik

အမျိုးသားအများစု အသက် ၃၀ ကျော်လာတာနဲ့ အမျှ ခန္ဓာကိုယ်မှာမလိုလားအပ်တဲ့ အဆီပိုတွေ စုပုံလာတတ်ပါတယ်။ ကိုယ့်အနေနဲ့ အချိန်အများကြီးပေးပြီး ပင်ပင်ပန်းပန်းပြုလုပ်ရမယ့် အားကစားနည်းတွေကို မနှစ်သက်ဘူးဆိုရင်တော့ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ဘော်ဒီဝိတ်ကို ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် စိတ်ဖိစီးမှုဒဏ်ကိုလည်း လျော့ကျစေနိုင်တာကြောင့် မလိုလားအပ်တဲ့ အဆီပိုတွေကိုကျစေကာ သွယ်လျလှပစေမှာဖြစ်ပါတယ်။

(၄) အရွယ်တင်နုပျိုစေတယ်

Full shot man practicing cobra pose indoor

Source : Freepik

ယောဂလေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေဟာ သာမာန်အမျိုးသားတွေထက်ကိုပိုပြီး နုပျိုလှပမှုရှိစေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ အမျိုးသားတွေအနေနဲ့ နေစဉ်နဲ့အမျှ အလုပ်ရဲ့ ဖိအားတွေ ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားဒဏ်တွေ ၊ အသောက်အစားမကင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်မှုတွေကို ယောဂလေ့ကျင့်ခန်းကအကောင်းဆုံး ကုစားပေးမှာဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ အဓိကအားဖြင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့အတွက် စိတ်ပျိုကိုယ်နုဖြစ်ကာ နေ့ရက်တိုင်းက လန်းဆန်းလှပနေမှာ ဖြစ်ပါတယ်။

Featured Image Source: YogiApproved