လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ခြင်းသည် အသက်ရှည်ရှည်နှင့် ကျန်းကျန်းမာမာနေရအောင် ကူညီပေးပြီး အရွယ်တင်နုပျိုစေပါတယ်။ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါများကို မခံစားချင်သော ယောကျာ်းများအတွက်တော့ လေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးခြင်းသည်သာ အဖြေဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်လိုလေ့ကျင့်ခန်းတွေကို နေ့စဉ် ပြုလုပ်သင့်သလဲ။

Squat ထိုင်ပါ

exercise for men

Sumo Squat ၊ Jump Squat စတဲ့ Squat ထိုင်နည်း အများအပြားရှိတဲ့အနက် မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် Squat ထိုင်နိုင်ပါတယ်။ ၈ ကြိမ်မှ ၁၂ ကြိမ်အထိ ထိုင်ပေးပါ။

Lunges လေ့ကျင့်ခန်း ပြုလုပ်ပါ

exercise for men

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းသည် မတ်နေပြီး ပုခုံးကိုင်းမနေဘဲ ရင်အုပ်ကို ကျယ်ကျယ်ဖွင့်ထားပါ။ ထို့နောက် ဘယ်ခြေကို အရှေ့သို့ ၉၀ ဒီဂရီ ကွေးချလိုက်ပါ။ ညာခြေကိုတော့ အနောက်ပို့ကာ ၉၀ ဒီဂရီ ကွေးညွှတ်ပါ။ မူလအတိုင်း ပြန်ရပ်နေပါ။ ၈ ကြိမ်မှ ၁၂ ကြိမ်အထိ ပြုလုပ်ပြီးပါက ညာခြေနှင့် ဘယ်ခြေကို ဘက်ပြောင်းလုပ်ပါ။

Cardio လေ့ကျင့်ခန်းများ ပြုလုပ်ပါ

exercise for men

ကယ်လိုရီများ လောင်ကျွမ်းပြီး ဝိတ်ကျချင်သူများအတွက် Cardio လေ့ကျင့်ခန်းများသည်လည်း မဖြစ်မနေပြုလုပ်သင့်သော လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ကြိုးခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးစက်ပေါ်တွင် ပြေးခြင်းတို့သည် Cardio လေ့ကျင့်ခန်းများဖြစ်သလို ရေကူးခြင်းသည်လည်း Cardio လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခန်း ပြုလုပ်ပါ

exercise for men

ယောဂလေ့ကျင့်ခန်းများသည် နာကျင်ကိုက်ခဲနေသော ကြွက်သားများကို ပြေလျော့စေပြီး အညောင်းအညာပြေစေပါတယ်။ အထူးသဖြင့် ခါးနာတတ်သူများအတွက် အထူးကောင်းမွန်သော လေ့ကျင့်ခန်းလေးဖြစ်တာကြောင့် နေ့စဉ်ပြုလုပ်သင့်ပါတယ်။

Plank ထောက်ပါ

exercise for men

Plank ထောက်ခြင်းသည် ဝမ်းဗိုက်ကြွက်သားများကို ကျစ်လျစ်သန်မာစေပြီး အဆီပိုများကိုလည်း ဖယ်ရှားပေးပါတယ်။ တစ်ရက်လျှင် တစ်မိနစ်ခန့် Plank ထောက်ပေးသင့်ပါတယ်။

အလေးတုံးဖြင့် ဆော့ကစားပါ

exercise for men

သင့်အိမ်တွင် အလေးတုံးရှိပါက အလေးတုံးဖြင့် အနည်းဆုံး လေ့ကျင့်ခန်း (၃) ခုခန့် ပြုလုပ်သင့်ပါတယ်။ အလေးတုံးဖြင့် ဆော့ကစားခြင်းသည် အလွတ်ဆော့ကစားခြင်းထက် ပိုမိုထိရောက်မှုရှိပါတယ်။

Source: Health.usnews.com