ဝမ်းဗိုက်ကြွက်သားများ ကျစ်ကျစ်လျစ်လျစ်နှင့် တောင့်တင်းသန်မာချင်တဲ့ ယောကျာ်းများအတွက် နေ့တိုင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းများသည် ဝမ်းဗိုက်ရှိအဆီပိုများကို ဖယ်ရှားပေးပြီး Six-Packs များဖြင့် ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

daily workout for men

အားကစားကိရိယာ ဘီးလုံးလေးကို အသုံးပြုပါ ပထမပုံအတိုင်း အသင့်ပြင်ထားပါ။ ထို့နောက် ဘီးလုံးကို အရှေ့သို့ လှိမ့်ချလိုက်ပါ။ ရှေ့တိုး နောက်ဆုတ်ဖြင့် ၁၅ ကြိမ်ခန့် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

daily workout for men

အရင်ဦးဆုံး ပထမပုံအတိုင်း အသင့်အနေအထားပြင်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို အရှေ့သို့ ကွေးချကာ ဘောလုံးကို အောက်သို့ ပစ်ချပါ။ ဘောလုံး ပြန်ခုန်တက်လာပါက ဖမ်းလိုက်ပြီး မူလအနေအထားအတိုင်း ပြန်နေပါ။

လေ့ကျင့်ခန်း (၃)

daily workout for men

ပုံပါအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်နေပါ။ ထို့နောက် ဘယ်ခြေနှင့် ညာလက် ထောက်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် တောင့်ခံပါ။

လေ့ကျင့်ခန်း (၄)

daily workout for men

ဘယ်လက်က အလေးတုံးကို ကိုင်ထားပါ။ ဘယ်ခြေကိုတော့ အနောက်ပစ်ထားပါ။ ထို့နောက် ခန္ဓာကိုယ်ကို ကြမ်းပြင်နှင့် မျဉ်းပြိုင်ပုံသဏ္ဍာန်ဖြစ်သွားသည်အထိ အရှေ့သို့ ကွေးချလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ်ညာ တစ်လှည့်စီပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

daily workout for men

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ဒူးခေါင်းကို ပုံပါအတိုင်း ကွေးညွှတ်ထားလိုက်ပါ။ ထို့နောက် ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

လေ့ကျင့်ခန်း (၆)

daily workout for men

ပထမပုံအတိုင်း ဘားတန်းတွင် တွဲလောင်းခိုနေပါ။ ထို့နောက် ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။

လေ့ကျင့်ခန်း (၇)

daily workout for men

လေ့ကျင့်ခန်း ပြုလုပ်သော ဖျာပေါ်တွင် ဝမ်းလျားမှောက်နေပါ။ ထို့နောက် ခြေထောက်နှင့် လက်တို့ိကို တတ်နိုင်သမျှ ဆွဲဆန့်ထားပါ။ ထိုအနေအထားအတိုင်း ၁၅ စက္ကန့်ခန့် တောင့်ခံထားပါ။

လေ့ကျင့်ခန်း (၈)

daily workout for men

ကြမ်းပြင်ပေါ်တွင် ပက်လက်အနေအထား လှဲလျောင်းပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အနည်းငယ် မြင့်ထားပြီးနောက် ခြေထောက်တစ်ဖက်ချင်းစီကို ကတ်ကြေးပုံသဏ္ဍာန် အပေါ်တက် အောက်ဆင်း ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်းတစ်ခုချင်းစီကို ၁၅ ကြိမ်မှ အကြိမ် ၂၀ အထိ ပြုလုပ်ရပါမယ်။

Source: Manofmany.com