Body Building လုပ်နေချိန်မှာ အစားအသောက် ၊ အအိပ်အနေကလည်း အရေးကြီးပါတယ်။ Workout လုပ်ပြီး ကောင်းကောင်းမစားရင်လည်း Muscle တက်လာမှာမဟုတ်ပါဘူး။ Gym ကစားနေချိန်မှာ အားမာန်အပြည့်ရှိဖို့နဲ့ကြွက်သားအားကောင်းဖို့အတွက် အစားအသောက်ရွေးချယ် စားပေးသင့်ပါတယ်။
ကြက်ဥကတော့ ဈေးနည်းပြီး Gym ကစားသူတိုင်း လက်စွဲထား စားသင့်တဲ့အစားအစာပါ။ ကြက်ဥမှာအမိုင်နိုအက်ဆစ် ၉ မျိုး ၊ Choline ဓာတ်နဲ့ ဗိုက်တာမင် ဒီ ပေါများစွာပါရှိပါတယ်။ အသားဓာတ်ကိုအများဆုံး ဖြည့်ပေးနိုင်တာကြောင့် နေ့တိုင်း ကြက်ဥစားပေးသင့်ပါတယ်။

Source : Freepik
အိုမီဂါဖက်တီသရီးအက်ဆစ်ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါးတွေဟာ အင်ဆူလင်ကို နှိူးဆွနိုင်တဲ့ အစားအစာ ဖြစ်ပြီးပရိုတိန်းဓါတ်လည်း ပြည့်ဝစေပါတယ်။တူနာလို ငါးတွေကလည်း အဆီနည်းပြီး အသားဓါတ်မြင့်မားတာကြောင့် ပုံမှန်စားပေးသင့်ပါတယ်။
ဂျုံနဲ့ကွေကာတွေဟာ ကာဗွန်ဟိုက်ဒရိတ် ၊ အမျှင်ဓါတ်နဲ့စွမ်းအင် မြင့်မားပြီး ဆာလောင်မှူကို လျှော့ပေးနိုင်ပါတယ်။ Glycemic Index (GI) တန်ဖိုးနည်းပါးတာကြောင့် ကြွက်သားထုကို ထိန်းထားနိုင်ပါတယ်။
အမဲသားမှာသံဓါတ် ၊ ဇင့်ဓါတ် နဲ့ဗိုက်တာမင် ဘီဓာတ်များပါဝင်ပါတယ်။ အထူးသဖြင့် အရည်အသွေးမြင့် ပရိုတိန်းဓါတ်တွေ ပြည့်ဝပြီး ကြွက်သားကြီးထွားမှူကို အားပေးတဲ့ အင်ဆူလင်လှုံ့ဆော်နိုင်ပါတယ်။

Source : Freepik
ကြွက်သားထု တက်ဖို့အကောင်းဆုံး အစားအသောက်ထဲမှာ ကမာလည်းပါပါတယ်။ကမာအလေးချိန် ဂရမ် ၁၀၀ မှာ ပရိုတိန်းဓါတ် ၂၀ ဂရမ်ပါပြီး ကြက်သားမှာထက်သံဓါတ် ၈ ဆ ကျော် နဲ့ဇင့်ဓါတ် အဆ ၅၀ နီးပါး ပါပါတယ်။
ဒိန်ခဲဟာ ကေဆင်ပရိုတိန်းဓါတ်ပါတဲ့ အစားအစာ ဖြစ်ပါတယ်။ ကေဆင်Casein ဟာအစာ ချေဖျက်မှူ နှေးကွေးတဲ့ ပရိုတိန်းဓါတ်ဖြစ်လို့ကြွက်သားကိုထိန်းသိမ်းဖို့အတွက် အကောင်းဆုံး အစားအစာလို့ဆိုရမှာပါ။ ဒါ့အပြင် ဗိုက်တာမင် ဘီ ၁၂ ၊ ကယ်လ်ဆီယမ်နဲ့တစ်ခြား အဟာရဓါတ်များစွာ ပါဝင်ပါတယ်။
