ခါးကုန်းပြီး လက်ပျဉ်ကိုင်းနေခြင်းသည် ခန္ဓာကိုယ်ကို ကြည့်ရဆိုးစေပြီး စမတ်ကျတဲ့ပုံသဏ္ဍာန်ကို မရရှိစေပါဘူး။ ခါးမတ်မတ်နှင့် ခန္ဓာကိုယ်အနေအထားမှန်ကန်ခြင်းသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ခါးနာခြင်းမှလည်း ကာကွယ်ပေးပါတယ်။ စမတ်ကျကျဖြစ်ချင်တဲ့ ယောကျာ်းများအတွက် ခါးမတ်မတ်နှင့် ခန္ဓာကိုယ်အနေအထားမှန်စေမယ့် လေ့ကျင့်ခန်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

good posture exercises for men

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းထားပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ကွေးကာ ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ထို့နောက် ခြေထောက်ပြန်ဆန့်ပါ။ ဒီလိုမျိုး ဒူးနှစ်ဖက်ကွေးလိုက် ခြေထောက်ပြန်ဆန့်တန်းလိုက် အကြိမ်ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

good posture exercises for men

လက်နှစ်ဖက်ကို ဒူးအောက်တွင် ထားထားပါ။ ထို့နောက် ပေါင်ကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ဦးခေါင်းမော့ကာ ဒူးခေါင်းကို မေးစေ့နှင့် ထိကပ်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၂၀ (သို့) စက္ကန့် ၃၀ ခန့် တောင့်ထားပါ။

လေ့ကျင့်ခန်း (၃)

good posture exercises for men

ခန္ဓာကိုယ်အပေါ်ပိုင်းကို ပုံပါအတိုင်း လှဲလျောင်းနေပါ။ ညာခြေဖျားကို ဘယ်ဒူးပေါ်တွင် တင်ထားပါ။ ဘယ်လက်က ညာဒူးပေါ် တင်ထားပါ။ ထိုအဆင့်များ ပြီးသွားပါက ထိုလေ့ကျင့်ခန်းကိုပင် ခန္ဓာကိုယ်ဘက်ပြောင်းပြီး ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

good posture exercises for men

အရင်ဦးဆုံး လက်နှစ်ဖက်ကို ထောက်ထားပြီး ဒူးနှစ်ဖက်ကိုလည်း ထောက်ထားပါ။ ထို့နောက် ခန္ဓာကိုယ်အလယ်ပိုင်းကို ပုံပါအတိုင်း အပေါ်သို့ ပင့်တင်ပါ။ ထို့နောက် အောက်သို့ ကွေးချလိုက်ပါ။ ပင့်တင်လိုက် ကွေးချလိုက်ဖြင့် ၁၀ ကြိမ်ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

good posture exercises for men

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပါ။ ညာဒူးကို ထောင်ထားပါ။ ဘယ်ခြေကို ညာဒူးပေါ် တင်ပါ။ ဘယ်လက်က ညာဘက်ပေါင်ကို ဆွဲယူကာ ရင်ဘတ်ဆီသို့ ဆွဲကပ်လိုက်ပါ။ ထိုလေ့ကျင့်ခန်းကိုပင် ခန္ဓာကိုယ်ဘက်ပြောင်းပြီး ပြုလုပ်လိုက်ပါ။

လေ့ကျင့်ခန်း (၆)

good posture exercises for men

ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီ ကွေးထားပါ။ ထို့နောက် ဦးခေါင်းကို အနည်းငယ်မော့ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွလိုက်ပါ။ ၁၀ ကြိမ်ခန့် ပြုလုပ်ပါ။

Source: Brightside.me