ဟားဗတ်ကျန်းမာရေးကျောင်းက လေ့လာသူတွေက လူတွေကျန်းမာစွာ အသက်ရှည်နေထိုင်နိူင်ဖို့အတွက် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာ လေ့လာမူပြုလုပ်ခဲ့ပါတယ်။ သူတို့က အစားအစာ စားသောက်မှု၊ အားကစား လိုက်စားမှု၊ ခန္ဓာကိုယ် အလေးချိန်၊ အရက်နဲ့ ဆေးလိပ်သောက်တာတွေအပေါ် အခြေခံပြီးတော့ လေ့လာမှု ပြုလုပ်ခဲ့ကြတာပါ။ အောက်ဖော်ပြပါအချက် ( ၅) ချက်တွေကတော့ အသက်ရှည်ကျန်းမာစေဖို့ လုပ်ရမဲ့အချက်တွေနဲ့ ရှောင်ရမဲ့ အချက်အလက်တွေပါ။
Source : Freepik
လေ့လာသူတွေကတော့ အသက်ရှည်ကျန်းမာစေဖို့အတွက် အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ အိုမီဂါ (၃) ပါဝင်တဲ့ ဆော်လမွန်ငါး၊ ငါးကြီးဆီတွေ စားသုံးသင့်တယ်လို့ ပြောထားပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ ဆေးဆိုးထားတဲ့အစားစောတွေ၊ ပြုပြင်ထားတဲ့ အစားအစားတွေ၊ သကြားပမာဏ များစွာပါဝင်တဲ့ မုန့်တွေ၊ ဆိုဒီယမ်ပါဝင်မှုနူန်းများတဲ့ အစားအစာတွေနဲ့ အဆီအစိမ့်တွေများတဲ့ အစားအစာတွေကို တတ်နိူင်သမျှရှောင်သင့်တယ်လို့ အကြံပေးထားပါတယ်။
လေ့လာသူတွေကတော့ လူတစ်ယောက်ဟာ တစ်နေ့ကို ကိုယ်လက်လှုပ်ရှားမူ အနည်းဆုံး မိနစ် (၃၀) ခန့်ရှိသင့်တယ်လို့ ပြောထားပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ Gym ကစားတာ စသဖြင့် မိမိနှစ်သက်ရာ အားကစားကို နေ့စဉ်ပြုလုပ်ပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။ဟုတ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝတခုပိုင်ဆိုင်ချင်ရင်တော့ မိမိရဲ့ ကိုယ်ခန္ဓာ အလေးချိန်ကို ဂရုစိုက်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ကိုယ်ခန္ဓာအလေးချိန်က မိမိကျန်းမာရေးနဲ့ တိုက်ရိုက်အချိုးကျနေလို့ပါပဲ။ ပုံမှန်ထက် အဝလွန်နေတဲ့ သူများမှာ ဆီးချိုသွေးချို ဖြစ်နိူင်ချေပိုများပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ပုံမှန်ထက် ဝနေတယ်လို့ ထင်ရင် အားကစားတခုခု လုပ်ဖို့ အကြံပေးချင်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ အဆုတ်ကင်ဆာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေက ဆေးလိပ်သောက်ခြင်းကနေတဆင့် ဖြစ်ပွားလေ့ရှိကြပါတတယ်။ မိမိကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ဖို့ အကြံပေးချင်ပါတယ်။
Source : Freepik
အရက်အလွန်အကျွံ သောက်တာဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါပေမဲ့ တချို့သူတွေက အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်ကြတဲ့သူတွေလည်း ရှိပါတယ်။ အနောက်နိူင်ငံက လူတော်တော်များများကတော့ ဝီစကီကို ကျန်းမာရေးအရသောက် ကြပါတယ်။ ဝီစကီကို မှန်မှန်ကန်ကန် ကျန်းမားရေးနဲ့ ညီအောင်မှီဝဲနိူင်ရင် ရလာမဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
ဥပမာ ဝိတ်ကျစေတယ်၊ Stress တွေလျှော့စေတယ်၊ အစာကြေစေတယ် စသဖြင့် အကျိုးကျေးဇူးများစွာရှိပါတယ်။ ဒါပေမဲ့ အလွန်အကျွံ မသောက်မိဖို့ တော့ အကြံပေးချင်ပါတယ်။ လေ့လာသူတွေကတော့ တစ်နေ့ကို တစ်ခွက်နှုန်းသောက်ပေးခြင်းက ကျန်းမာရေးအရ ဆိုးကျိုးများစွာ မရှိဘူးလို့ ဖော်ပြထားပါတယ်။