ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်း ဆော့ကစားတဲ့အခါ ထိရောက်မှုရှိသော လေ့ကျင့်ခန်းများကို နည်းမှန်လမ်းမှန်ဖြင့် ဆော့ကစားဖို့ လိုအပ်ပါတယ်။ နည်းလမ်းမမှန်ကန်ပါက ပင်ပန်းတာပဲ အဖတ်တင်မှာဖြစ်ပြီး ကိုယ်အလေးချိန်ကတော့ ကျသွားမှာမဟုတ်ပါဘူး။

လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့်ပြုလုပ်သင့်ပြီး လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့နောက်မှာတော့ အကြောလျော့လေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း (၁)

exercises for men at home

Source: Flabflix.com

လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့တွင် ထားထားပြီး ဒူးခေါင်းတစ်ဖက်တစ်ချက်စီက အပေါ်မြှောက်ကာ လက်ဖြင့် ထိကပ်ပေးလိုက်ပါ။ ဘယ်ညာတစ်ဖက်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၂ ကြိမ်၊ ၃ ခါစီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

exercises for men at home

Source: Gfycat.com

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းပြီးနောက် လက်နှစ်ဖက်က ခန္ဓာကိုယ်ဘေးဘက်တွင် ချထားပါ။ ထို့နောက် ခြေထောက်တစ်စုံစလုံးကို အပေါ်သို့ မတင်လိုက်ပါ။ ထို့နောက် ကြမ်းပြင်ကို မထိကပ်အောင် ပြန်ချပြီးနောက် အပေါ် ပြန်မြှောက်ပါ။ အောက်ချပြီး အပေါ်မြှောက်ခြင်းကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၂ ကြိမ်၊ ၃ ခါစီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

exercises for men at home

Source: 2bstronger.com

ပုံပါအတိုင်း ခြေထောက်နှစ်ချောင်းက ကပ်ကြေးပုံသဏ္ဍာန် တစ်လှည့်စီလွှဲရပါမယ်။ ၁၂ ကြိမ်၊ ၃ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

exercises for men at home

Source: Menshealth

ခြေထောက်နှစ်ဖက်က စက်ဘီးစီးတဲ့ပုံသဏ္ဍာန် ပြုလုပ်ရပါမယ်။ ညာဒူးကို ရင်ဘတ်ဆီ ဆွဲတင်တဲ့အခါ ဘယ်တံတောင်ဖြင့် ထိကပ်လိုက်ပါ။ ဘယ်ဒူးကို ညာတံတောင်ဖြင့် ထိကပ်လိုက်ပါ။ ဘယ်ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၂ ကြိမ်၊ ၃ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

exercises for men at home

Source: Nerdfitness.com

ကြိုးခုန်လေ့ကျင့်ခန်းကိုတော့ ၂၅ ကြိမ်၊ ၃ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

exercises for men at home

Source: Quickfunabs

အရင်ဦးဆုံး လက်နှစ်ဖက်က ပုခုံးအောက်မှာ ထောက်ထားပါ။ ထို့နောက် ညာဒူးကို ဘယ်တံတောင်နှင့် ထိကပ်ဖို့ ကြိုးစားပါ။ ထိုအချိန်တွင် တံတောင် ကွေးလိုက်ပါ။ ဘယ်ဒူးကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။ ဘယ်ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၂ ကြိမ်၊ ၃ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း အားလုံး လုပ်ပြီးတဲ့အခါ အကြောလျော့လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း မမေ့ပါနဲ့။

Source: Stylecraze.com