ယောကျာ်းလေးအများစု Gym ကစားတဲ့ ရည်ရွယ်ချက်ဟာ ဝိတ်ကျရုံ ၊ ဘော်ဒီလှရုံတင် မဟုတ်ပါဘူး။ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရခြင်းကြောင့် တစ်နေ့တာ တာဝေးခရီးမှာ ဖျတ်လတ်သန်စွမ်းစွာနဲ့ ရှင်သန်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်လည်း ပါပါတယ်။ ဒီတော့ Stamina ပြည့်ဖို့ ဘာတွေ ဆက်လုပ်ဖို့လိုမလဲ။ ဘယ်လိုလုပ်ရင် သက်လုံကောင်းပြီး ကြံ့ခိုင်တဲ့သူဖြစ်လာမလဲ။

Strong sportive bare chested male wearing shorts and sneakers doing plank exercise while working out

Photo : Freepik

(၁) ကိုယ့်ရဲ့ သက်လုံအားကို တဖြည်းဖြည်းချင်း မြှင့်ပေးဖို့အတွက် ပြေးပေးဖို့လိုပါတယ်။ ဥပမာ တစ်ရက်ကို ပြေးစက်မှာ ၁ ကီလိုမီတာ ပြေးဖြစ်တယ်ဆိုရင် နောက်တစ်ပတ်မှာ မီတာ ၂၅၀ တိုးပြေး နောက်တစ်ပတ်မှာ နောက်ထပ် မီတာ ၂၅၀ တိုးပြေးပေးပါ။

(၂) အပြေးလေ့ကျင့်ခန်းဟာ နှလုံးကျန်းမာရေး အားပေးသလို သက်လုံနဲ့ အမောခံနိုင်စွမ်းကို မြှင့်ပေးနိုင်ပါတယ်။ Gym က ပြေးစက်ပေါ်မှာ ၅ မိနစ် တစ်နာရီ ၁၀ ကီလိုမီတာ နှုန်းနဲ့ ပြေးဖြစ်တယ်ဆိုရင် စက္ကန့် ၃၀ တိုင်းမှာ နောက်ထပ် ဝ.၅ ကီလိုမီတာနှုန်း တိုးပြေးပေးပါ။ များများနဲ့ မြန်မြန် ပြေးတာဟာ ခံနိုင်ရည်ကို တိုးစေပါတယ်။

(၃) ဝိတ်မ ချိန်မှာလည်း ပထမ ၂၀ ကီလိုဂရမ်ပြား ၂ ပြားနဲ့ စတင်တယ်ဆိုရင် နောက်တစ်ပတ်မှာ ၂၂ .၅ ကီလိုဂရမ်ပြားနဲ့ ဆက် ၊ နောက်အပတ် နောက်အပတ်တွေမှာ ၂၂.၅ ကီလိုဂရမ် ၊ ၂၅ ကီလိုဂရမ်နှုန်း တိုးသွားဖို့ လိုပါတယ်။

Man resting and relaxing after exercises

Photo : Freepik

(၄) Stamina ပိုတက်ဖို့ နောက်ထပ် သတိထားရမှာက ကာဗွန်ဟိုက်ဒရိတ်တွေ ပိုပါးတဲ့ အစားအသောက်တွေ စားတာလုပ်ပေးသင့်ပါတယ်။ Carbs ပါဝင်နှုန်းမြင့်တဲ့ အစားအစာတွေဟာ Training ပြင်းပြင်း ကိုင်နေချိန်မှာ ခန္ဓာကိုယ်ကို တည်ငြိမ်မှု ရှိအောင် ထိန်းပေးနိုင်ပါတယ်။ ကဖိန်းဓါတ်ကလည်း Stamina အတွက် အားကိုးရပါတယ်။

(၅) တရားထိုင်တာနဲ့ အသက်ရှုလေ့ကျင့်ခန်းလို ယောဂလုပ်ဆောင်ချက်တွေက ဖိအားနဲ့ မွန်းကြပ်မှုဒဏ်ကို သက်သာစေရုံတင်မဟုတ်ဘဲ Stamina ပြည့်အောင်ပါ ကူညီနိုင်ပါတယ်။ ယောဂကျင့်တာကြောင့် ခံနိုင်ရည်ပိုရှိပြီး အမောအပန်းသက်သာလွယ်တယ်လို့ သုတေသနတွေက အတည်ပြုထားပါတယ်။