ကိုယ့်ကိုယ်ကို အငတ်ခံပြီး ဝိတ်ချနေတာကို ရပ်လိုက်ပါ။ အခုပြောမှာက စားရင်းသောက်ရင်း ဝိတ်ချလို့ရတဲ့ နည်းတွေ ဖြစ်ပါတယ်။ကိုယ်အလေးချိန် ကျအောင်ဆိုတဲ့ စိတ်နဲ့လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတဲ့ အတွေးကို ဖျောက်ပစ်ပါ။ လေ့ကျင့်ခန်းလုပ်လို့ရလာမယ့် ခန္ဓာကိုယ်အကြောင်းပဲ စဉ်းစားလိုက်ပါ။ Workout လုပ်ရင် နှလုံးအားကောင်းမယ် ၊ သက်လုံကောင်းမယ် ၊ ကျန်းမာဖျတ်လတ်လာမယ်။ ဒီအတွေးနဲ့ စတင်ပါ။

young fit person jogging by the sea

Photo : Freepik

အနည်းဆုံး တစ်နေ့ ၇ နာရီ အိပ်ဖြစ်တဲ့သူဟာ သကြားအစားနည်းသွားတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ တကယ်လို့ အိပ်ချိန်နည်းလာရင် ညဘက်အပြင်ထွက်ပြီး အစားပိုစားဖြစ်လို့ ဝိတ်ပိုတက်လာမယ်လို့လည်း ဆိုပါတယ်။

စားသောက်တဲ့နေရာမှာ သတိလေးနဲ့ စားတာ ၊ စားနေတဲ့အပေါ်ကို သိစိတ်ထားပါလို့ သုတေသီတွေက ဆိုပါတယ်။ ဆိုလိုတာက စားတိုင်းသတိထားဖို့ပါ။ အမေရိကန်တွေဟာ သတိမထားမိဘဲနဲ့ တစ်ချိန်လုံး အစားစားဖြစ်တာကြောင့် အဝလွန်မှု ပိုများလာတာလို့လည်း သုတေသနတစ်ချို့မှာ ဖော်ပြထားပါတယ်။

ထမင်းတစ်လုတ်ကို အခါ ၁၀၀ ဝါးစရာမလိုပါဘူး။ သို့သော်လည်း အလောတကြီး မဟုတ်ဘဲ ဖြည်းဖြည်းချင်းစားတာဟာ အလွန်အကျွံမစားမိစေတဲ့ အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ် ဆက်သွယ်မှုကိုလည်း ပိုပြီး သိရှိစေမှာပါ။

 a happy man eating fresh salad in the kitchen

Photo : Freepik

အခွံမာသီးတွေ ၊ ထောပတ်သီးတွေက ကျန်းမာဆီတွေ ပေးနိုင်တဲ့ သဘာဝအသီးအနှံတွေ ဖြစ်ပါတယ်။ ကယ်လိုရီမတက်စေလို့ ဒါမျိုးတွေ စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်စားမယ့် အစားအစာထဲမှာ ဘာပါမလဲဆိုတာကို သတိထားဖို့လိုပါတယ်။ ဒီအတွက် အကြံပေးချင်တာက ဝိတ်မတက်အောင် ကိုယ် ဘာတွေ စားလို့ရသလဲဆိုတာကိုပဲ အာရုံထားပြီး စားမရတဲ့ အစားအစာကို ခေါင်းထဲ အဝင်မခံပါနဲ့။