သင့်အိမ်၌ Gym ခန်းမထဲကလိုမျိုး အားကစားပစ္စည်း စုံစုံလင်လင်မရှိလို့ဆိုပြီး စိတ်ပူစရာမလိုပါဘူး။ ကိရိယာအလွတ်ဖြင့် ဆော့ကစားပေးလို့လည်းရပါတယ်။ Gym သို့ တကူးတကသွားစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ ဆော့ကစားနိုင်တဲ့အတွက်ကြောင့် အချိန်ကုန်၊ ငွေကုန်လည်း သက်သာစေပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေကို ကိုယ့်အိမ်မှာ အလွယ်တကူဆော့ကစားနိုင်မလဲဆိုတော့ …

လေ့ကျင့်ခန်း (၁)

home workout for men

Source: FlabFix.com

Air Squats လို့ခေါ်တဲ့ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် (၂၀) ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

home workout for men

Source: 24Life.com

ဒီလေ့ကျင့်ခန်းလေးကတော့ Walking Lunges ဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်ချင်းစီအတွက်ကို ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

home workout for men

Source: Gfycat.com

ဒိုက်ထိုးလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

home workout for men

Source: Greatist.com

ဒီလေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်း (၂) နဲ့ ဆင်တူပါတယ်။ ဘယ်ညာ တစ်ဖက်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

home workout for men

အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Plank လေ့ကျင့်ခန်းကတော့ စက္ကန့် ၃၀ မှ တစ်မိနစ်အထိ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၆)

home workout for men

Source: IceGif.com

Jumping Jacks လေ့ကျင့်ခန်းကိုတော့ အကြိမ် (၃၀) ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား ၁၀ စက္ကန့်ခန့် အနားယူနိုင်ပါတယ်။ လေ့ကျင့်ခန်း (၁) ကနေ (၆) အထိ ပြီးသွားပါက တစ်ကျော့ပြီးသွားပြီလို့ မှတ်ယူရမှာဖြစ်ပြီး စုစုပေါင်း ၅ ကျော့ ပြုလုပ်ပေးရပါမယ်။

Source: Manofmany.com