အမျိုးသားများသည် အသက်အရွယ်တဖြည်းဖြည်း ကြီးရင့်လာသည်နှင့်အမျှ ခါးနာခြင်းသည်လည်း တဖြည်းဖြည်းအစပျိုးလာတတ်ပါတယ်။

ထိုင်ခုံပေါ်မှာ ထိုင်တဲ့ပုံစံ မှားယွင်းခြင်းကြောင့်သော်လည်းကောင်း၊ မတ်တပ်ရပ်သော အနေအထား မမှန်ခြင်းကြောင့်သော်လည်းကောင်း၊ ပစ္စည်းအလေးအပင်များကို ရုတ်တရက် မလိုက်ရာမှ အခန်းမသင့်သောကြောင့်သော်လည်းကောင်း ခါးနာတတ်ပါတယ်။

ဒီလိုခါးနာလာပြီဆိုရင် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

best yoga poses for men who have back pain

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် ဒူးထောက်ထားပြီး လက်နှစ်ဖက်ကိုလည်း ပုခုံးအောက်တွင် ထောက်ထားပါ။ ခါးကိုလည်း အနည်းငယ် ကုန်းထားပေးလိုက်ပါ။

ထို့နောက် ဦးခေါင်းကို တဖြည်းဖြည်းအပေါ်မော့ပြီးနောက် ခါးကိုလည်းကော့ပေးလိုက်ပါ။ သင် ပြုလုပ်နိုင်သလောက် အကြိမ်အရေအတွက်အထိ ပြုလုပ်ပေးပါ။ အသက်ကိုလည်း ပုံမှန်ရှူသွင်း ရှူထုတ်ဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၂)

best yoga poses for men who have back pain

Photo Source: Menshealth.com

ဒီလေ့ကျင့်ခန်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားလေ့ကျင့်ခန်းတစ်ခုဖြစ်ပါလိမ့်မယ်။ အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး မတ်တပ်ရပ်နေပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို တဖြည်းဖြည်းချင်း အရှေ့သို့ ကိုင်းချလိုက်ပါ။

ပုံပါအတိုင်း ဗွီဇောက်ထိုးပုံသဏ္ဍာန် အနေအထားရအောင် ပြုလုပ်လိုက်ပါ။

လေ့ကျင့်ခန်း (၃)

best yoga poses for men who have back pain

Photo Source: Menshealth.com

အရင်ဦးဆုံး လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် နေနေပါ။ ဘယ်ခြေပြီးသွားရင်တော့ ညာဒူးကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

best yoga poses for men who have back pain

Photo Source: Menshealth.com

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက်တော့ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အသုံးပြုတဲ့ Elastic ကြိုးတစ်ချောင်း လိုအပ်ပါလိမ့်မယ်။

ထိုကြိုးကို ပုံပါအတိုင်း ဆွဲထားပေးရပါမယ်။ ခြေထောက်ကို ဖြောင့်ဖြောင့်ထားပြီး ဆွဲရပါမယ်။ ဒါမှ ခါးနာသက်သာမှာပါ။ ခြေထောက်တစ်ဖက်ချင်းစီကို ၃၀ စက္ကန့်စီ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

best yoga poses for men who have back pain

ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို တည့်တည့်ထားပြီး ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ ပုံပါအတိုင်း တစ်ဖက်သို့ စောင်းပေးရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် နေပါ။ ပြီးရင်တော့ အခြားတစ်ဖက်သို့စောင်းကာ နောက်ထပ် စက္ကန့် ၃၀ နေပေးရပါမယ်။

Source: Yogajournal.com

Featured Image Source: Menshealth.com