လေ့ကျင့်ခန်း များများလုပ်ချင်ပေမယ့် ဘယ်လိုလေ့ကျင့်ခန်းအမျိုးအစားတွေ ပြုလုပ်ရမလဲမသိတဲ့ ယောကျာ်းများအတွက် မိမိရည်မှန်းချက်အလိုက် ပြုလုပ်နိုင်မယ့် အားကစားအမျိုးအစားများကို ဖော်ပြပေးလိုက်ရပါတယ်။
အပြေးလေ့ကျင့်ခန်း
သင့်အနေနဲ့ Cardio လေ့ကျင့်ခန်းများကို စိတ်ဝင်စားပြီးတော့ ကိုယ်အလေးချိန်လျော့ကျချင်တယ်ဆိုရင်တော့ အပြေးလေ့ကျင့်ခန်းက သင့်အတွက်ပါပဲ။ ဒီလေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် နှလုံးသွေးလှည့်ပတ်မှုကောင်းမွန်ပြီး အမောအပန်းခံနိုင်အောင် ကူညီပေးပါတယ်။
ရေကူးခြင်း
သင်က ရေကစားရတာကို ကြိုက်နှစ်သက်ပြီး အရိုးအဆစ်များ မကြာခဏ နာတတ်တယ်ဆိုရင်တော့ ရေကူးလေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။
စက်ဘီးစီးခြင်း
စက်ဘီးစီးခြင်းသည်လည်း အရိုးအဆစ်များ နာကျင်နေသူတွေအတွက် သာသာပျောက်ကင်းအောင် ကူညီပေးပါတယ်။
တောင်တက်ခြင်းနှင့် လမ်းလျှောက်ခြင်း
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများ၊ လေကောင်းလေသန့် တဝကြီး ရှူရှိုက်ချင်သူများကတော့ တောင်တက်ခြင်းနှင့် လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
Gym ဆော့ခြင်း
သင်သည် ပုံမှန်အတိုင်း ခန္ဓာကိုယ်ကို ကျန်းမာချင်ပြီး အဆီပိုများ ဖယ်ရှားချင်တယ်ဆိုရင်တော့ Work Out လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။ ထိုအဆင့်ကနေ တစ်ဆင့် ထပ်တက်ချင်တယ် အပျော်တမ်းအားကစားပြုလုပ်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ကို ထုနဲ့ ထည်နဲ့ တည်ဆောက်ချင်တယ် ကြွက်သားများ တောင့်တင်းသန်မာချင်တယ်ဆိုရင်တော့ Bodybuilding လေ့ကျင့်ခန်းမျိုးကို ပြုလုပ်သင့်ပါတယ်။
အသင်းအဖွဲ့နဲ့ ဆော့ကစားရတဲ့ အားကစားများ
သင့်အနေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး အားကစားပြုလုပ်ရတာမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အသင်းအဖွဲ့နဲ့ ဆော့ကစားရတဲ့ အားကစားမျိုးကို ပြုလုပ်နိုင်ပါတယ်။
Source: Foodspring.co.uk
Featured Image Source: Foodspring.co.uk