တင်းနစ်ဆော့ကစားတဲ့ အမျိုးသားများအတွက် အရိုးအဆစ်များ ကျစ်လျစ်သန်မာခြင်းသည် တင်းနစ်ပုံမှန်ကစားခြင်းရဲ့အသီးအပွင့်တစ်ခုပါပဲ။ ဒါတင်မကသေးပါဘူး။
နှလုံးခုန်နှုန်း မှန်ကန်စေခြင်း၊ သွေးပေါင်ချိန် မှန်ကန်စေခြင်း၊ ခန္ဓာကိုယ်ရှိ အဆီပိုများ ဖယ်ရှားပေးခြင်း၊ ကြွက်သားများ သန်မာခြင်း၊ အကြောပျော့ခြင်းနှင့် လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကိုလည်း ရရှိပိုင်ဆိုင်စေပါတယ်။
တင်းနစ်ဆော့ကစားလေ့ရှိတဲ့ အားကစားသမားများအတွက် တင်းနစ်သွားဆော့တဲ့အခါ မရှိမဖြစ် ယူသွားသင့်တဲ့ ပစ္စည်းတချို့ရှိပါတယ်။
ပုဝါ
တင်းနစ်ကစားရင် ချွေးထွက်မှာဖြစ်ပါတယ်။ ချွေးထွက်ပြီဆိုတာနဲ့ ထိုချွေးတွေကို မသုတ်ဘဲထားရင် အအေးမိသွားမှာဖြစ်တာကြောင့် ပုဝါတစ်ထည် အမြဲတမ်းဆောင်ထားသင့်ပါတယ်။
တင်းနစ်ဘောလုံး
Photo Source: Irishmirror.ie
တင်းနစ်ကွင်းတွေမှာတော့ တင်းနစ်ဘောလုံးများ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ဘောလုံး ကိုယ်ယူသွားတော ပိုပြီးကောင်းမွန်တာဖြစ်ပြီး သူ့ဘောလုံး ငါ့ဘောလုံးဆိုပြီး လုနေစရာမလိုတော့ပါဘူး။
ရေဘူး
ရေဓာတ်ခမ်းခြောက်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါဘူး။ တင်းနစ်ဆော့ကစားပြီး နားတဲ့အချိန်မှာ ရေဓာတ် ပြန်ဖြည့်ဖို့အတွက် ရေဘူးတစ်ဘူးအမြဲတမ်း ဆောင်သွားလိုက်ပါ။
ခြေအိတ်
တင်းနစ်ဆော့ကစားနေချိန်မှာ ချွေးထွက်များတာကြောင့် သင့်ရဲ့ခြေအိတ်ကိုလည်း တင်းနစ်ဆော့ပြီးသွားပြီဆိုတာနဲ့ အသစ်တစ်စုံချက်ချင်းလဲလိုက်ပါ။ နို့မဟုတ်ရင် သင့်ခြေထောက်အနံ့သည် တဖြည်းဖြည်းနဲ့ ဆိုးဝါးသွားပါလိမ့်မယ်။
နေကာမျက်မှန်
ခရမ်းလွန်ရောင်ခြည်သည် သင့်မျက်လုံးအတွက် အန္တရာယ်များလွန်းလှပါတယ်။ ဒါ့ကြောင့် နေကာမျက်မှန်ကောင်းကောင်းတစ်လက်လည်း ဝတ်ထားသင့်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ နေကာမျက်မှန်ကြီးတကားကားနဲ့ ဆော့ကစားရတာ မလွတ်လပ်ဘူးဆိုရင်တော့ တင်းနစ်ဦးထုပ်လေး ဆောင်းကာ ဆော့ကစားနိုင်ပါတယ်။
Source: Tennisexpress.com
Featured Image Source: Hub.jhu.edu