ဝိတ်တက်အောင် ပြုလုပ်ရတာလွယ်ပေမယ့် ကြွက်သားများ ကျစ်ကျစ်လျစ်လျစ်နဲ့ စနစ်တကျတက်လာဖို့ကတော့ ခက်ခဲလှပါတယ်။ ထိုခက်ခဲတဲ့အရာကို ကျွန်တော်တို့ရဲ့ Lucifer မင်းသားလေး Tom Ellis တစ်ယောက် လုပ်နိုင်ခဲ့ပါတယ်။

အခုဖော်ပြပေးမှာကတော့ Tom Ellis တစ်ယောက် Lucifer ဇာတ်ကားအတွက် ကြွက်သား ပေါင် ၂၀ ခန့် တက်လာအောင် ဘယ်လိုဆော့ကစားခဲ့ရသလဲဆိုတာပါပဲ။

စာဖတ်သူတို့လည်း စိတ်ဝင်စားတယ်ဆိုရင် အတူတူဆက်လေ့လာနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

workout tips for men

ခြေထောက်အနေအထားကို ပထမအနေအထားအတိုင်း အသင့်ပြင်ထားပါ။ ထို့နောက် အလေးတုံးကို ရင်ဘတ်အရှေ့တွင် မထားပါ။ ထို့နောက် အပေါ်သို့ ပင့်တင်လိုက်ပါ။ စုစုပေါင်း ၈ ကြိမ် မရပါမယ်။ ၈ ကြိမ် ပြည့်ပါက ခဏလောက်နားပြီး နောက်ထပ် ၈ ကြိမ်၊ ၃ ကျော့စီ ထပ်မံပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

workout tips for men

ဒီလေ့ကျင့်ခန်းမှာတော့ Dumbbell နှစ်တုံး အသုံးပြုရပါမယ်။ ပထမပုံအတိုင်း အသင့်အနေအထားပြင်ပါ။ ထို့နောက် အလေးတုံးကို စောစောကလိုပဲ အပေါ်မြှောက်လိုက်ပါ။ သူ့ကိုလည်း ၈ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

workout tips for men

ပထမအနေအထားအတိုင်း အသင့်ပြင်ပါ။ ထို့နောက် အလေးတုံးကို ပုခုံးနဲ့တစ်တန်းတည်းဖြစ်သွားအောင် ဘေးသို့ကားလိုက်ပါ။ ၈ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

workout tips for men

ပထမပုံရဲ့အနေအထားအတိုင်း အသင့်ပြင်ပါ။ ထို့နောက် အလေးတုံးကို ဘေးနှစ်ဖက်သို့ ကားတင်လိုက်ပါ။ သတိထားရမယ့်အချက်ကတော့ ခါးကို ကုန်းကုန်းကြီးမထားရဘဲ ခါးစောင်းစောင်းလေးဖြစ်နေရင်ရပါပြီ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်၊ ၄ ကျော့စီ ကစားရပါမယ်။

Tom တစ်ယောက် အဓိကထားပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းကတော့ ထို ၄ မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူသည် အစားအသောက်နဲ့လည်း ထိန်းတာဖြစ်တဲ့အတွက်ကြောင့် အဆီပိုများမပါစေဘဲ ကြွက်သားချည်းပဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်လာတာပဲဖြစ်ပါတယ်။

Source: Mensjournal.com

Featured Image Source: Men’s Health