လေ့လာတွေ့ရှိချက်များအရ တစ်ပတ်လျှင် ၂ ရက်မှ ငါးရက်ခန့်၊ တစ်ရက်လျှင် ၄၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်သူများသည် ကိုယ်ခန္ဓာ ကျန်းမာရုံသာမကဘဲ စိတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

ထိုကဲ့သို့ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခံစားရရှိမယ့်အကျိုးကျေးဇူးများကတော့ …

စိတ်ဖိစီးမှုကို လျော့ချပေးခြင်း၊ စိတ်ကျရောဂါမှ ကာကွယ်ပေးခြင်း၊ အာရုံစူးစိုက်မှု မြင့်မားခြင်း၊ Confidence တက်ခြင်း၊ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း အစရှိတဲ့အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။

ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်းဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းများ ပြုလုပ်သင့်သလဲဆိုတော့…

အပြေးလေ့ကျင့်ခန်း

running exercises for men

စိတ်အပြောင်းအလဲ အတက်အကျမြန်သူများ၊ စိတ်တိုဒေါသထွက်လွယ်သူများသည် အပြေးအားကစားကို ပြုလုပ်သင့်ပါတယ်။ ပြေးခြင်းသည် စိတ်ကို ကြည်လင်စေပြီး တည်ငြိမ်အေးချမ်းစေပါတယ်။

Pilates လေ့ကျင့်ခန်း

pilates exercises for men

ဒီလေ့ကျင့်ခန်းကတော့ ယောဂနဲ့ နည်းနည်းဆင်တူပါတယ်။ ယောဂကတော့ ကိရိယာအလွတ်ပြုလုပ်တာဖြစ်ပြီး Pilates ကတော့ ကိရိယာအနည်းငယ် အသုံးပြုရပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ညဘက်အိပ်မပျော်သူများအတွက် သင့်တော်ပါတယ်။

ရေကူးအားကစား

swimming exercises for men

သင့်ဦးနှောက်သည် တူညီတဲ့နေ့ရက်များကို ကြိမ်ဖန်များစွာ ဖြတ်သန်းလာရတဲ့အခါ (သို့) ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ ပင်ပန်းနွမ်းနယ်လွယ်ပြီး စိတ်ဖိစီးတတ်ပါတယ်။ ထို့အပြင် အဝလွန်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ ရေကူးအားကစားကတော့ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။ ၄၅ မိနစ်ခန့် ရေကူးခြင်း (သို့) ကြိုးကုန်ခြင်းသည် နှလုံးကြွက်သားများကိုလည်း အားကောင်းစေပါတယ်။

ကြွက်သားများတက်အောင် အလေးမကာ ဆော့ကစားခြင်း

exercises for men

ဒီလေ့ကျင့်ခန်းသည်လည်း ကိုယ်ရော စိတ်ပါ ကျန်းမာစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လူကိုလည်း အကြမ်းခံအောင် ကူညီပေးပါတယ်။ စိတ်ပျော်ရွှင်မှုကို ပေးစွမ်းပြီး သင့်ခန္ဓာကိုယ်ကိုလည်း ကြည့်ကောင်းစေပါလိမ့်မယ်။

တိုက်ချိ ကိုယ်ခံပညာ

tai chi exercises for men

ဒီအားကစားကတော့ ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းစေပြီး ဟန်ချက်ညီစေပါတယ်။ တိုက်ချိပို့စ်အမျိုးမျိုးကို မိမိအားလပ်ချိန်မှာ ဆော့ကစားပေးပါက ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တင်ပေးပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တင်ပေးပြီး မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ နောက်ထပ်အားကစားတစ်ခုကတော့ အကပဲဖြစ်ပါတယ်။ ကခုန်ခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

Source: Thesporting.blog

Featured Image Source: Newsnetnebraska.org