ယောဂ ဆော့ကစားခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုလည်း မြင့်တင်ပေးပါတယ်။ ယောဂဆော့ကစားခြင်းကြောင့် စိတ်တည်ငြိမ်အေးချမ်းစေပြီး အာရုံစူးစိုက်နိုင်မှု မြင့်မားအောင်လည်း ကူညီပေးပါတယ်။

သင့်အနေနဲ့ ယောဂလေ့ကျင့်ခန်းများကို အခုမှ စတင်ပြီး ဆော့ကစားမယ်ဆိုရင်တော့ အခြေခံကနေ စလုပ်သင့်တဲ့ ယောဂပို့စ်များကို ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

basic yoga poses for men

Photo Source: Freepik.com

ယောဂဖျာပေါ်တွင် ဝမ်းလျားမှောက်နေပါ။ ထို့နောက် ပုခုံးနဲ့ ဦးခေါင်းကို မျက်နှာကျက်ပေါ်သို့ မော့ကြည့်လိုက်ပါ။ သင့်ရင်ဘတ်နဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကတော့ ကြမ်းပြင်ပေါ်မှာ ထိကပ်နေပေးရပါမယ်။ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

basic yoga poses for men

Photo Source: Yogateket.com

ယောဂဖျာပေါ်တွင် ထိုင်နေပါ။ ဒူးတစ်ခုနဲ့ တစ်ခုကို ထပ်ထားပါ။ ထို့နောက် အပေါ်က ဒူးခေါင်းကို အပေါ်သို့ ထောင်လိုက်ပါ။ ထို့နောက် အခြားသော လက်မောင်းတစ်ခုဖြင့် ထိုဒူးခေါင်းကို ညှပ်လိုက်ပါ။ (ညာဒူးဆိုလျှင် ဘယ်လက်မောင်း)

ထို့နောက် ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်ကာ ကျန်လက်တစ်ဖက်က ကြမ်းပြင်နှင့် ထိကပ်နေပါ။

လေ့ကျင့်ခန်း (၃)

basic yoga poses for men

Photo Source: Pranayoga.com

ဒီလေ့ကျင့်ခန်းကတော့ ပုံပါအတိုင်း လှဲလျောင်းနေရမှာဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ခြင်းကိုတော့ ပုံမှန်အတိုင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

basic yoga poses for men

Photo Source: vajrasatiyoga.co.uk

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်တွင် ထိုင်နေပါ။ ခါးကို မတ်မတ်ထားပါ။ ခြေဖဝါးနှစ်ဖက်က တစ်ခုနှင့်တစ်ခု ထိကပ်လိုက်ပါ။ လက်နှစ်ဖက်က ခြေဖဝါးနှစ်ခုကို ပုံပါအတိုင်း ထိကပ်လိုက်ပါ။

လေ့ကျင့်ခန်း (၅)

basic yoga poses for men

Photo Source: Checkout.rhone.com

အရင်ဦးဆုံး လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် ထိုင်နေပါ။ ထို့နောက် ခန္ဓာကိုယ်ကို ဗွီပုံသဏ္ဍာန် ဖန်တီးလိုက်ပါ။ ဒူးခေါင်းကိုတော့ ပုံပါအတိုင်း ကွေးထားလိုက်ပါ။ လက်နှစ်ဖက်ကိုလည်း အရှေ့သို့ ဆန့်တန်းပေးရပါမယ်။ ခါးကိုလည်း တစ်ဖြောင့်တည်း ဆန့်တန်းထားပါ။

အထက်ဖော်ပြပါ ယောဂပို့စ်များကို သင် တောင့်ခံနိုင်သလောက် မိနစ်ကြာကြာတောင့်ခံထားလိုက်ပါ။ မိနစ်အနည်းငယ်သာ ပြုလုပ်နိုင်ပါကလည်း အဆီပိုများ လောင်ကျွမ်းစေခြင်း၊ သက်လလုံကောင်းစေခြင်း၊ နှလုံးသွေးကြော အားကောင်းစေခြင်း စတဲ့အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

အချိန်အကြာကြီး တောင့်ခံပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ် သန်စွမ်းစေခြင်း၊ ခန္ဓာကိုယ် နူးညံ့ပျော့ပျောင်းစေခြင်း၊ ဟန်ချက်ညီစေခြင်း၊ အရွတ်အားကောင်းစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း စတဲ့အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

Source: Thesporting.blog

Featured Image Source: getsweatgo