ကိုယ်လက်လှုပ်ရှား အားကစားနည်းတိုင်းလိုလို စိတ်ဖိစီးမှုလျော့ကျစေပြီး ပေါ့ပါးလန်းဆန်းစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ လေ့ကျင့်ခန်းတွေများစွာရှိတဲ့အထဲကမှ နေ့စဉ်ကြုံတွေ့ရတဲ့ ဖိအားတွေ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်လက်ပေါ့ပါးစေမယ့် အထိရောက်ဆုံး အားကစားနည်း (၄) မျိုးကို ပြောပြချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး လူတိုင်းလုပ်လို့အဆင်ပြေမယ့် အားကစားနည်းတွေဖြစ်တာကြောင့် လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) ခပ်သွက်သွက်လမ်းလျောက်ခြင်း

Man Walking Up Stairs

Photo: Medical News Today

တက်ကြွဖျက်လတ်ပြီး လန်းဆန်းပေါ့ပါးစေမယ့် အရိုးရှင်းဆုံးအားကစားနည်းတစ်ခုတော့ ခပ်သွက်သွက်လမ်းလျောက်တာပါပဲ။ လေ့လာမှုတွေအရ ၁၀ မိနစ်ခန့် ခပ်သွက်သွက်လမ်းလျောက်ရုံနဲ့ လက်တလောဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုနဲ့ မွန်းကြပ်မှုတွေ ပြေလျော့ပြီး စိတ်ပြန်လည်ပေါ့ပါးတည်ငြိမ်လာစေတယ်လို့ အမေရိကန် စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျခြင်းဆိုင်ရာ သုတေသီများက ဆိုထားပါတယ်။

(၂) ရေကူးခြင်း

Young athletic man swimming in the swimming pool

Photo: Freepik

ရေကူးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အကျိုးကျေးဇူးတွေများစွာရစေသလို မွန်းကြပ်နေတဲ့ စိတ်အခြေအနေတွေကိုလည်း ပြေလျော့စေမှာ ဖြစ်ပါတယ်။ စိတ်ပေါ့ပါးလန်းဆန်းပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်းတွေလျော့ကျသက်သာချင်တယ်ဆိုရင်တော့ ရေကူးအားကစားနည်းက အသင့်တော်ဆုံးဖြစ်ပါတယ်။

(၃) ကခုန်ခြင်း

 man dancing in front of people sitting on floor photo

Photo: Unsplash

ဂီတဟာ စိတ်ပင်ပန်းမှုတွေဖိအားတွေကို တွန်းလှန်ဖို့အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မြူးမြူးကြွကြွတေးသီချင်းများနဲ့ ကခုန်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းစေမယ့် အကောင်းဆုံးအားကစားနည်းတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ဖို့လည်း အထောက်အကူဖြစ်စေပြီး စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်စေမှာပါ။

(၄) Boxing ကစားခြင်း

Man Kick Boxer Training

Photo: Man of Many

လက်ဝှေ့ကစားခြင်းဟာ စိတ်ဖိစီးမှုတွေ ဒေါသတွေနဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကိုပြေလျော့စေဖို့ အထိရောက်ဆုံးကုစားပေးနိုင်မယ့် အားကစားနည်းတစ်ခုဖြစ်ပါတယ်။ လက်ဝှေ့ကစားနည်းက စိတ်လက်ပေါ့ပါးရုံနဲ့မကပဲ နှလုံးကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပြီး ကြံ့ခိုင်သန်မာတဲ့ ကြွက်သားများနဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကိုရရှိစေမှာဖြစ်ပါတယ်။

Featured Photo: Men’s Journal