ဘော်ဒီတောင့်တောင့်နဲ့ အမိုက်စားဘော်ဒီတစ်ခုရဖို့ဆိုတာ ယောင်္ကျားလေးအားလုံးရဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ကြွက်သားထု တည်ဆောက်ဖို့ဆိုတာ စိတ်ရှည်ဖို့လိုသလို အချိန်လည်းလနဲ့ချီပေးရပါတယ်။ ဒီတစ်ခါမှာ ဘော်ဒီတောင့်ချင်တဲ့ကွီးတို့အတွက် ကာယဗလမောင်တစ်ဦးရဲ့ ကြွက်သားတည်ဆောက်ခြင်းဆိုင်ရာ စည်းမျဉ်းတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) ဝိတ်ပို ကစားပေးပါ

MAN DEADLIFTING

Photo : Man of Many

ကြွက်သားတွေက လေ့ကျင့်ယူရတဲ့ အမျိုး ဖြစ်ပါတယ်။ ကြွက်သား Group တွေကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ပေးဖို့အတွက် Pullups လေ့ကျင့်ခန်း ၊ Deadlifts မခြင်း ၊ Weight Squats ကစားခြင်း နဲ့ Bench Presses လုပ်ပေးခြင်းတို့က အကောင်းဆုံး ဖြစ်ပါတယ်။

(၂) ကယ်လိုရီတွက်စားပါ

MAN eating breakfast

Photo : Medical News Today

ကိုယ်အလေးချိန် Weight မရှိရင် ကြွက်သားတွေ ထိထိရောက်ရောက် တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ပိုများတဲ့ ကယ်လိုရီမစားဘဲနဲ့ ကြွက်သားတစ်သျှုးသစ်တွေကို ကိုယ်ခန္ဓာက မဖွဲ့စည်းနိုင်ပါဘူး။ ကြွက်သားတက်ချင်ရင်တော့ ကယ်လိုရီ ၂၈၀၀ လောက် စားပေးဖို့ လိုမှာပါ။

(၃) ရေလုံလောက်အောင်သောက်ပါ

Man drinking water

Photo : Men’s Health

အားကစားလုပ်ချိန်မှာ ရေသောက်ခြင်းဟာ အလွန်ပဲ ထိရောက်မှုရှိပါတယ်။ ရေဝအောင် သောက်သုံးခြင်းအားဖြင့် ရေဓါတ်ပြည့်တင်းမှုကြောင့် ကြွက်သားပြန်လည်သန်စွမ်းရာမှာ မြန်ဆန်ထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။

(၄) အနားယူပါ

Shirtless Man Sleeping on Bed

Photo : Men’s Journal

ကြွက်သားဖွံ့ဖြိုးဖို့ဆိုတာ သန်စွမ်းကျန်းမာဖို့အတွက်လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကို များများ အနားပေးလိုက်ခြင်းအားဖြင့် ကြွက်သားသစ်တွေ ဖန်တီးအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ဟာ ကြွက်သားသန်စွမ်းမှုကို မြင့်မားစေမယ့် ဟော်မုန်းတွေ ထုတ်ပေးနိုင်လို့ ဖြစ်ပါတယ်။

(၅) ပရိုတင်းစားပါ

Man Eating Protein foods

Photo : Muscle & Fitness

ပရိုတင်းဓာတ်ဟာ ကြွက်သားလေ့ကျင့်ချိန်မှာ ထိခိုက်ပျက်ဆီးသွားတဲ့ ကြွက်သားတွေကိုပြန်လည်ပြင်ဆင်ဖို့နဲ့ ကြွက်သားအသစ်တွေတည်ဆောက်ရာမှာ အထောက်အကူပေးပါတယ်။ ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ အလေးချိန် တစ်ကီလိုဂရမ်မှာ ပရိုတိန်း ၀.၈ ဂရမ်ကနေ ၁ ဂရမ်အနည်းဆုံး စားပေးရမှာပါ။ ပရိုတိန်းအတွက် ကြက်ဥများ ၊ နို့ထွက်ပစ္စည်းများ ၊ အသား ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံများ စားပေးသင့်ပါတယ်။

Featured Photo : Muscle & Fitness