ဗွီဒီယိုဂိမ်းတွေဆိုတာ လက်လောက်ပဲ လှုပ်ရတာ ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုက မရှိသလောက်နည်းတဲ့ ကစားနည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ တချို့တွေက ဗွီဒီယိုဂိမ်းတွေကို e-Sports တစ်ခုအဖြစ် သတ်မှတ်တာကို သဘောမတူကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဗွီဒီယိုဂိမ်းတွေအားလုံးကတော့ အညောင်းမိပြီး မလှုပ်မရှားတဲ့ အားကစားပုံစံတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံသားတစ်ယောက်ဟာ ချွေးထွက်ရတဲ့ ဗွီဒီယိုဂိမ်းကစားပြီးနောက် အားကျလောက်တဲ့ ဘော်ဒီတစ်ခု ပိုင်ဆိုင်ခဲ့တာကို ထုတ်ဖော်ပြသထားလို့ ဖြစ်ပါတယ်။

Photo: brightside
အသက် ၂၄ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Twitter သုံးစွဲသူ ကူဇူမူးဟာ anime ချစ်သူ ဂိမ်မာတစ်ဦးလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲမှာ Ring Fit Adventure ဗွီဒီယိုဂိမ်းကို စပြီး ကစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဂိမ်းဟာ စွန့်စားခန်းဂိမ်းတစ်မျိုးဖြစ်ပြီး အထဲမှာ အသေးစား mini-games လေးတွေ ၊ ကစားသူအကြိုက် customize လုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေ ပါရှိပါတယ်။
အဝိုင်းပုံစံ ring-shape console တစ်ခုနဲ့ လာပြီး ကစားသူရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ဖို့ ခြေထောက်မှာ leg strap ပတ်ထားရပါတယ်။ ကူဇူမူးဟာ နေ့တိုင်း တစ်ရက်ကို တစ်နာရီကြာအောင် ဒီဂိမ်းကစားတယ်လို့ ဆိုပါတယ်။ ဂိမ်းထဲမှာ တကယ် ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့ ကြာချိန်က ၂၅ မိနစ်ကနေ ၃၅ မိနစ်အထိ ပါပါတယ်။

Photo: brightside
ဒီဂိမ်းကစားပြီး ၆ လအကြာ ၂၀၂၀ ဇူလိုင်အရောက်မှာ သူ့ဘော်ဒီဟာ အကြီးအကျယ်ပြောင်းလဲသွားပါတယ်။ သူ့ပုံစံကြည့်ရတာ သိသိသာသာ ဝိတ်ကျပြီး ပိုကျန်းမာလာသလို Muscle တွေပါ ထွက်လာတာ တွေ့ရပါတယ်။ မသိရင် နေ့တိုင်း Gym ကစားနေသလိုပါပဲ။ နောက်တစ်ချက်က သူဟာ အစားအသောက်ကိုလည်း ပရိုတိန်းမြင့်တာ စားဖြစ်တယ်လို့ ပြောပါတယ်။
တစ်နှစ်လောက် မကြာခင်မှာ သူ့ဘောင်းဘီအဟောင်းတွေဟာ သူ့ခါးနဲ့ ချောင်သွားပြီလို့ လူမှုကွန်ရက်မှာ ပြောပါတယ်။ ဂိမ်းကစားရင်း အားကစားလုပ်ဖြစ်တာကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ အားကစားလုပ်ဖြစ်ပုံပါပဲ။
