ဝမ်းဗိုက်ကြွက်သား အတွက် Abs လေ့ကျင့်ခန်း တွေကစားတဲ့အခါ သတိထားရမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေ ရှိပါတယ်။ Abs လေ့ကျင့်ခန်းတွေ ကစားတဲ့အခါ အနေအထား မှန်ဖို့ ၊ ကစားပုံနည်းလမ်း မှန်ကန်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ခါးနာခြင်း ၊ ကျောရိုးနာကျင်ခြင်း စသည်ဖြင့် Injury ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဝမ်းဗိုက်ကြွက်သားအတွက် ကစားတဲ့အခါ သတိထားရမယ့် မတော်တဆ ထိခိုက်ဒဏ်ရာဖြစ်စေနိုင်တဲ့ Abs လေ့ကျင့်ခန်း တွေကို ပြောပြပေးချင်ပါတယ်။

(၁) Long Duration Planks

Source : Power Company Climbing

Planks ထောက် လေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ကြွက်သားတွေအတွက် အင်မတန်ထိရောက်မှုရှိပါတယ်။ ဒါပေမယ့် Planks ထောက် လေ့ကျင့် ခန်းတွေ ကစားတဲ့အခါ ခံနိုင်ရည်ပေါ်မူတည်ပြီး အချိန်ကြာကြာ ကစားတာထက် အချိန်တိုတိုနဲ့ ပြင်းထန်တဲ့ ပုံစံကစားတာက ဒဏ်ရာရနိုင်ခြေ နည်းပြီး ထိရောက်မှုပိုရှိပါတယ်။ Planks ထောက်တဲ့အခါ အနေအထားမှန်မှန်နဲ့ ၁၀ စက္ကန့် ထောက်ထားပြီး တစ်ကြိမ်ကစားပြီးတိုင်းမှာ ၅ – ၁၀ စက္ကန့်ခန့် အနားယူပေးဖို့ လိုပါတယ်။

(၂) Weighted Side Bends

Source : Howcast

အလေးတုံးနဲ့ ကစားရတဲ့ Side Bends လေ့ကျင့်ခန်း ကစားတဲ့အခါ ဝိတ်များတဲ့ အလေးတုံးကို ရွေးချယ်တာက Injury ရနိုင်ခြေများပါတယ်။ စကစားမယ့် သူတစ်ယောက်အတွက် ပေါ့ပါးတဲ့ အလေးတုံးတွေနဲ့ စတင်သင့်ပြီး တဖြည်းဖြည်း အလေးတုံး ဝိတ်ကိုတိုးသွားသင့်ပါတယ်။ Weighted Side Bends ကစားမယ်ဆိုရင် ပခုံးအနေအထားမှန်မှန်နဲ့ ခါးကုန်းမနေဖို့လည်း သတိထားရပါမယ်။

(၃) Crunches

Source : Howcast

Crunches က Six Pack ထွက်ချင်တဲ့ အမျိုးသားတွေ အများဆုံးကစားလေ့ရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ Crunches ကစားတဲ့အခါ ကိုယ်နေဟန်ထား မမှန်ရင် ကျောရိုးနဲ့ ခါးဒဏ်ရာတွေ ရနိုင်ပါတယ်။ Crunches ကစားမယ်ဆိုရင် ပလက်အနေအထားနဲ့ လက်နှစ်ဖက်ကို ဦးခေါင်းဘေးတစ်ဖက်တစ်ချက်စီမှာ မြှောက်ထားပြီး ခြေထောက်တွေကို ကြမ်းပြင်ပေါ်မှာ ငြိမ်သက်စွာထားရပါမယ်။ ထို့နောက်ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထုတ်ပြီး ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကိုအပေါ်သို့ တွန်းတင်ပေးရပါမယ်။ အကြိမ်ရေများများနဲ့ မြန်မြန် ကစားတာထက် ဖြည်းဖြည်းနဲ့ မှန်မှန် ထိရောက်မှုရှိအောင် ကစားတာပိုကောင်းပါတယ်။

Featured Photo : Men’s Health