Dumbbell တစ်စုံရှိရုံနဲ့ Abs ကြွက်သား တွေ ရှယ်မိုက်ဖို့ ‌လေ့ကျင့်ခန်းတွေ ပြောပြပေးချင်ပါတယ်။ ကွီးတို့ Six Pack ကြွက်သားတွေနဲ့ အမိုက်စား ဘော်ဒီရချင်တယ်ဆိုရင် အခုပြောပြတဲ့ လေ့ကျင့်ခန်းတွေကိုသာ နေ့စဉ်ပုံမှန်လုပ်ပေးပါ။

(၁) Dumbbell Woodchop

Dumbbell Woodchop

Photo : Men’s Fitness

Dumbbell Woodchop လေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို လှည့်ပြီး တင်းနစ် ရိုက်သလို ကစားရမှာပါ။ Abs ကြွက်သားတွေကို လုံးဝထိရောက်မှု ရှိစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒူးကို ကွေးညွှတ်ပြီး Dumbbell ကို ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက် လားရာသို့ လွဲကစားပေးရမှာ ဖြစ်ပါတယ်။ ဘယ်ညာတစ်ဖက်စီကို ၁၅ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၂) Dumbbell Side Plank Snatch

Dumbbell Side Plank SnatchDumbbell Side Plank Snatch

Photo : Men’s Fitness

Side Plank လေ့ကျင့်ခန်းကတော့ ကွီးတို့ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။ အခုလေ့ကျင့်ခန်းက Side Plank ကိုမှ Dumbbell နဲ့ ကစားရမှာပါ။ Abs ကြွက်သားတွေ ညှစ်ပြီး Dumbbell ကို မ,တင် ကစားပေးရပါမယ်။ ဘယ်ညာတစ်ဖက်စီကို ၁၅ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၃) Dumbbell Rollout

Dumbbell RolloutDumbbell Rollout

Photo : Men’s Fitness

Dumbbell Rollout လေ့ကျင့်ခန်းကတော့ Abs ကြွက်သားတွေအပြင် နောက်ကျောကြွက်သားတွေကိုလည်း ကြံ့ခိုင်သန်မာစေပါတယ်။ Dumbbell ကို လှိမ့်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ ဆန့်ထုတ်ပေးရမှာပါ။ လေ့ကျင့်ခန်း လုပ်နေစဉ်တစ်လျှောက်လုံးမှာ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထားပါ။ ၁၅ ကြိမ် ၃ ကျော့ ကစားပေး ရပါမယ်။

(၄) Dumbbell Reverse Crunch

Dumbbell Reverse CrunchDumbbell Reverse Crunch

Photo : Men’s Fitness

Abs ကစားကြတဲ့အခါ Lower Abs ကိုတော်တော်များများ မေ့ထားကြပါတယ်။ Dumbbell Reverse Crunch လေ့ကျင့်ခန်းက Lower Abs ကို ထိစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုပါပဲ။ Dumbbell ကို ဦးခေါင်းအပေါ်ဘက် ကိုင်မြှောက်ထားပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ ဒူးကို မ,တင် ကစားပေးပါ။ ၁၅ ကြိမ် ၃ ကျော့ ကစားပေး ရပါမယ်။

Featured Photo : Adventure Fitness Athletic Club