ဒီပိတ်ရက်မှာ ဂိမ်းလေးကစားရင်း အပန်းဖြေချင်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမဲ့ Android ရော iOS မှာ ပါ ကစားလို့ရတဲ့ စိတ်လှုပ်ရှားစရာ Action မိုဘိုင်းလ်ဂိမ်းတွေ ကို ကစားကြည့်လိုက်ပါ။

(၁) Garena Free Fire: Kalahari

Action မိုဘိုင်းလ်ဂိမ်းတွေ

Photo : Mobile Mode Gaming

ပထမဆုံး ဖော်ပြချင်တဲ့ အကောင်းဆုံး Action မိုဘိုင်းလ်ဂိမ်းတွေ ထဲက တစ်ခုကတော့ Garena Free Fire: Kalahari ပဲ ဖြစ်ပါတယ်။ Android ရော iOS မှာပါ ကစားလို့ရတဲ့အပြင် Play Store မှာ ဒေါင်းလုဒ်ပေါင်း သန်း ၅၀၀ ကျော်ရှိတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။ ဒီဂိမ်းဟာ အခြားသော Action ဂိမ်းတွေနဲ့ တူလား၊ ဘယ်လိုတွေ စိတ်လှုပ်ရှားဖွယ်ကောင်းမလဲဆိုတာ သိရအောင် အခုပဲ ကစားကြည့်လိုက်ပါ။

(၂) Modern Kombat 5

Source : Modern Kombat

Modern Kombat 5 ဂိမ်းကတော့ ဂိမ်းလ် Loading Time အနည်းငယ် ကြာမြင့်နိုင်ပေမဲ့ ဂိမ်းထဲတွင် ဂိမ်းကစားသူများက ခေတ်မှီလက်နက်များအပြင် ရိုလာကိုစတာစီးခြင်း နဲ့ အခြားသော စိန်ခေါ်မှုအဆင့် များစွာပါဝင်တဲ့ အတွက် ကွီးတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ကွီး တစ်ယောက်တည်း ကစားလို့ရသလို သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပါပဲ။

(၃) Sniper 3D

Source : Touch Game Play

နောက်ထပ် ဖော်ပြပေးချင်တဲ့ Android ရော iOS မှာပါကစားလို့ရတဲ့ Action မိုဘိုင်းလ်ဂိမ်းတွေ ထဲက တစ်ခုကတော့ Sniper 3D ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကွီးတို့ကိုယ်တိုင် အလန်းစား Sniper သမားတစ်ယောက်အဖြစ် ကစားနိုင်ပြီး အလန်းစား Sniper ရိုင်ဖယ်မျိုးစုံ ကိုလည်း ရွေးချယ်နိုင်တဲ့အတွက် ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲ ဖြစ်ပါတယ်။

(၄) Into The Dead 2

Source : PikPokGames

Into The Dead 2 ဆိုတဲ့ ဒီဂိမ်းကတော့ ကွီးတို့ကို တကယ်ကို စိတ်လှုပ်ရှားမှု ပေးစွမ်းမှာပါ။ ဒီဂိမ်းထဲမှာ Zombies တွေကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းခြင်းဖြင့် ကစားနိုင်ပြီး အမိုက်စား Graphics တွေနဲ့ ဂိမ်းကို တည်ဆောက်ထားပါတယ်။ ဒီဂိမ်းကို iOS ရော Android မှာပါ ကစားနိုင်ပါတယ်။ ထို့အပြင် ဒီဂိမ်းကို Offline လည်း ကစားလို့ရအောင် ပံ့ပိုးပေးထားပါသေးတယ်။

ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ Android ရော iOS မှာပါကစားလို့ရတဲ့ အကောင်းဆုံး Action မိုဘိုင်းလ်ဂိမ်းတွေ ပဲဖြစ်ပါတယ်။ ကွီးတို့ ပိတ်ရက်မှာ စိတ်လှုပ်ရှားကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းလေးတွေ ကစားရင်း တစ်ပတ်တာ အမောတွေကို ဖြေဖျောက်လိုက်ပါ။

Source : India Times

Featured Photo : Teach News