ကွီးတို့ အသုံးပြုနေတဲ့ မိုလ်ဘိုင်းဖုန်းတွေ မှာ ထည့်သွင်းထားတဲ့ iOS နဲ့ Android တို့ရဲ့ တူညီ သော အချက်များကို တင်ပြလိုက်ပါတယ်။

iOS ဆိုတာ

Android တို့ရဲ့

Photo : Youtube

iOS နဲ့ Android တို့ရဲ့ တူညီတဲ့အချက်တွေကို မဖော်ပြခင်မှာ iOS နဲ့ Android အကြောင်း အရင်ဖော်ပြချင်ပါတယ်။ iOS ဆိုတာ Apple ကုမ္ပဏီက ဖန်တီးထုတ်လုပ်ထားတဲ့ စက်လည်ပတ်ရေး စနစ်ဖြစ်ပါတယ်။ Apple ရဲ့ iPhone, iPod, iPad တွေမှာ အသုံးပြုကြပါတယ်။ iOS ကို အများအပြား သုံးစွဲနေကြပြီး လူကြိုက်များမှုမှာ Android ထက် သာလွန်ပါတယ်။ iOS ရဲ့ ဒီဇိုင်းဖွဲ့စည်းပုံဟာ အလွှာများ အလိုက်ဖြစ်ပါတယ်။ သူ့မှာ Application နဲ့ Hardware ကြားမှာ အလယ်အလတ် အလွှာတစ်ခုပါဝင်ပါတယ်။ အလယ်အလွှာကြောင့် Application နဲ့ Hardware ဟာ တိုက်ရိုက် မဆက်သွယ်နိုင်ပါ။ iOS ရှိ အောက်အလွှာများသည် အခြေခံဝန်ဆောင်မှုကို ပေးပါတယ်။ အပေါ်ဆုံးအလွှာတွေက သုံးစွဲသူရဲ့ ကြားခံမှု နဲ့ ဆန်းပြားသော ပုံဖော်ဆောင်မှုတွေကို ပေးပါတယ်။

Android ကတော့

Android တို့ရဲ့

Photo : Samsung

Android ကတော့ မိုဘိုင်းလ် စနစ်အတွက် Google ကုမ္ပဏီက ဖန်တီးထားသော လည်ပတ်မှုစနစ် တစ်ခု ဖြစ်ပါတယ်။ Linux Kernel စနစ်ကို အခြေခံထားပြီး ထိတွေ့မျက်နှာပြင် မိုဘိုင်းလ်များဖြစ်တဲ့ Tablets နဲ့ Smart ဖုန်းတွေအတွက် အဓိကထား ဒီဇိုင်းထုတ်ထားတွေ့ ပါတယ်။ Android မှာ အလွှာ ၄ လွှာ နဲ့ လုပ်ဆောင်မှုကဏ္ဍ ၅ ခု ခွဲပြီး ဒီဇိုင်းထုတ်ထားပါတယ်။

iOS နဲ့ Android တို့ရဲ့ တူညီ သော အချက်များ

mobile

Photo : Tom’s Guide

စနစ် ၂ မျိုးလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိကြပါတယ်။ ကွီးတို့ အနေနဲ့ မိုဘိုင်းလ် ပစ္စည်းတွေကို နေ့စဉ် ကိုင်တွယ်သုံးစွဲနေရတဲ့အတွက် မိုဘိုင်းလ် လည်ပတ်မှုစနစ် နှစ်ခု လုံးကို သိရှိထားသင့်ပါတယ်။ iOS နဲ့ Android တို့ရဲ့ တူညီသော အချက်များကို လေ့လာမိသလောက် မျှဝေ ပေးလိုက်ပါတယ်။

၁။ iOS နဲ့ Android တို့ရဲ့ အခြေခံလုပ်ဆောင်ချက်များ တူညီပါတယ်။ နှစ်မျိုးစလုံးမှာ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ ဝက်ဘ်ရှာဖွေမှု၊ ဗွီဒီယိုချတ်၊ မြေပုံ၊ အသံဖြင့် အမိန့်ပေးပို့မှု တို့ကို လုပ်ဆောင်နိုင်ပါတယ်။

mobile
Photo : Know Your Mobile

၂။ iOS နဲ့ Android တို့တွင် User Interface (အသုံးပြုသူနှင့် ကွန်ပြူတာစနစ်ဆက်သွယ်ခြင်း) များသည် ဆင်တူရိုးမှား ဖြစ်ကြပါတယ်။ နှစ်ခုစလုံးတွင် ၄င်းတို့၏ ဖုန်းစကရင်ပေါ်တွင် ပွတ်ဆွဲခြင်း၊ နှိပ်ခြင်း၊ ဖိခြင်းနှင့် ဇွန်းချဲ့ ခြင်းတို့ကို ပံ့ပိုးပေးထားပါတယ်။

၃။ iOS နဲ့ Android မိုဘိုင်းလ် စက်နှစ်မျိုးလုံးတွင် အခြေအနေပြ ဘားတစ်ခုပါရှိပါတယ်။ ဘက်ထရီ သက်တမ်း၊ အချိန်၊ အက်ပ် အကြောင်း ကြားချက်၊ ဝိုင်ဖိုင် တို့လို အလားတူ အချက်အလက်တွေကို ထည့်ပေးထားပါတယ်။

mobile
Photo : Youtube

၄။ 4 G ဆယ်လူလာကွန်ယက်ကို iOS နဲ့ Android စက်များတွင် အသုံးပြုနိုင်ပါတယ်။ ဆယ်လူလာ ကွန်ယက်သည် အင်တာနက်လှိုင်းများဖမ်းယူရာတွင် မရှိမဖြစ် လိုအပ်ပါတယ်။

၅။ iOS နဲ့ Android စက်များတွင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုစနစ်များ ထည့်သွင်းထားပါတယ်။ သုံးစွဲသူများ၏ အချက်အလက်များ ပျောက်ဆုံးမှု အန္တရာယ် မရှိနိုင်စေရန် အက်ပ်၏ ခွင့်ပြုချက်များဖြင့် လုပ်ဆောင်ပေးထားပါတယ်။

ကွီးတို့ရေ iOS နဲ့ Android တို့ရဲ့ တူညီသော အချက်များကို ဖတ်ရှုရတဲ့အတွက် ကွီးတို့ အနေနဲ့ ရွေးချယ်ရတာ လွယ်ကူစေမှာပါ။

Source : Tutorialpoint

Featured Photo : Svetandroida