စမတ်ဖုန်းခေတ်မှာ ရာသီဥတုအခြေအနေ သိရဖို့ App လေးတစ်ခုလောက် ဖုန်းထဲ ထည့်ထားရုံပါပဲ။ နောက်ပိုင်းမှာ ရာသီဥတု တင်ကြိုခန့်မှန်းချက်တွေကို တိကျပြီး အသုံးပြုရလွယ်တဲ့ Weather Apps တွေ အများကြီး ထွက်ထားပါတယ်။ ဒီထဲကမှ Android နဲ့ iPhone တွေအတွက် အကောင်းဆုံး Weather Apps တချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) Weather & Radar

Android နဲ့ iOS နှစ်မျိုးစလုံးမှာ ရယူနိုင်တဲ့ App ဖြစ်ပြီး အသုံးပြုရ ရိုးရှင်းသလို ရာသီဥတုခန့်မှန်းချက်တွေကလည်း အသေးစိတ်ကျပါတယ်။ အရေးပေါ် ရာသီဥတုသတိပေးချက်တွေ ၊ ရေဒါစနစ် ၊ ရာသီဥတု ခန့်မှန်းချက် နဲ့ သတင်းတွေအပြင် နာရီအလိုက် လေတိုက်နှုန်း ၊ မိုးရွာမှု ၊ အပူချိန် စတာတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။

(၂) Yr

ဒီဇိုင်းကောင်းသလို သုံးလို့လည်း လွယ်တဲ့ App တစ်ခု ဖြစ်ပါတယ်။ နော်ဝေးရာသီဥတုအေဂျင်စီက ဒီဇိုင်းထုတ်ထားတဲ့ Weather App ဖြစ်ပြီး တစ်ကမ္ဘာလုံး ဘယ်နေရာကမဆို အသုံးပြုနိုင်မှာပါ။ ကြော်ငြာ မပါတာရယ် Location Data မတောင်းတာရယ်က အားသာချက်တွေပါ။ နာရီအလိုက် ရာသီတင်ကြို ခန့်မှန်းချက်တွေကို အချက်အလက် စာရင်းဇယားနဲ့ ပြသပေးနိုင်ပါတယ်။

(၃) Today Weather

ရာသီဥတုအချက်အလက် အရင်းအမြစ်အများအပြား ပါပြီး ရိုးရှင်းလှပ တိကျတဲ့ Weather App တစ်ခုပါ။ ၂၄ နာရီ အချိန်ပြည့် ရာသီခန့်မှန်းမှုတွေ ၊ အသိပေးချက်တွေနဲ့ ရေဒါတွေ ပါဝင်ပါတယ်။ ပရီမီယံဗားရှင်းမှာတော့ ကြော်ငြာတွေ ပါလာခြင်း မရှိပါဘူး။ ရေဒါ နဲ့ အသိပေးချက်တွေ ပါပြီး Customizable Widgets ပေါင်း ၂၀ ကျော် ထည့်ပေးထားပါတယ်.

(၄) Weather & Widget – Weawow

Weather & Widget ကို Weawow လို့လည်း ခေါ်ကြပါတယ်။ Free သုံးနိုင်သလို ကြော်ငြာလည်း မပါတဲ့ ရှားရှားပါးပါး Weather App ဖြစ်ပါတယ်။ သုံးတဲ့သူကိုယ်တိုင် Layout Customize လုပ်နိုင်ပါတယ်။ ရာသီခန့်မှန်းချက်ဆိုင်ရာ အရင်းအမြစ်တွေ အများကြီးကနေ ယူထားလို့ တိကျမှု ရှိပါတယ်။

(၅) The Weather Channel

The Weather Channel က Android နဲ့ iOS နှစ်မျိုးစလုံးမှာ လူသိအများဆုံးနဲ့ စိတ်အချရဆုံး ရာသီဥတု Appတစ်ခုလည်း ဖြစ်ပါတယ်။ The Weather Channel ဆိုရင် ရာသီဥတုနဲ့ ပတ်သက်လာရင် လူသိအများဆုံး နာမည်လည်း ဖြစ်ပြီး ရေဒါထောက်လှမ်းရေးစနစ်အပြင် နေ့စဉ် နဲ့ နာရီအလိုက် ခန့်မှန်းချက်တွေလည်း ပါဝင်ပါတယ်။ ရာသီဥတုဆိုင်ရာ ဗွီဒီယိုတွေနဲ့ ကြိုတင်ခန့်မှန်းချက်တွေလည်း ထည့်ပေးထားပါတယ်။ ဒေသအလိုက် ရာသီဥတုပညာရှင်တွေ ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေပါ ကြည့်နိုင်ပါတယ်။

Featured Photo : medium