နည်းပညာတိုးတက်လာမှုတွေကြောင့်ပဲ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် လူချင်း ဘလောက်ပဲဝေးနေပါစေ အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်နေပြီ ဖြစ်ပါတယ်။ စာတိုပို့တာ ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အပြန်အလှန်ပေးပို့ နိုင်တာတွေအပြင် တစ်ယောက်နဲ့ တစ်ယောက် လူချင်းတိုက်ရိုက်ချိတ်ဆက်ပြောဆိုနိုင်တဲ့ Vidoe Call ခေါ်ဆိုမှုတွေအထိ လုပ်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Android ဖုန်း တွေအတွက် ကမ္ဘာပေါ်က ရေပန်းအစားဆုံးနဲ့ လူသုံးအများဆုံး စာတိုပို့ App ၆ ခု ကို ပြောပြပေးချင်ပါတယ်။
(၁) Whatsapp

Photo : Siachen Studios
WhatsApp ဟာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၂ ဘီလီယံကျော်ရှိတဲ့ ရေပန်းအစားဆုံး Messenging App တွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ Facebook က WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး ယခင်နှစ် WhatsApp ရဲ့တန်ဖိုးထက် ၁၂ ဆပိုမိုမြင့်မားသွားခဲ့ပါတယ်။
(၂) WeChat

Photo : Siachen Studios
WeChat က တရုတ်အခြေစိုက်ကုမ္ပဏီ Tencent ကနေ ဖန်တီးလိုက်တဲ့ စာတိုပို့ Apps တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ WeChat ကို ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၉ ဘီလီယံနီးပါးရှိနေပြီ တစ်နေ့ထက်တစ်နေ့ သုံးစွဲသူတွေ ပိုပြီး များလာတာဖြစ်ပါတယ်။ US မှာတော့ WeChat ကို လစဉ်အသုံးပြုသူ ၁.၄၈ မီလီယံခန့် ရှိပါတယ်။
(၃) Facebook Messenger

Photo : Siachen Studios
Meta ရဲ့ Facebook messenger ကတော့ ၂၀၂၂ ခုနှစ် ဒုတိယ ၃ လပတ်အထိ လစဉ်အသုံးပြုသူ ၃ ဘီလီယံခန့်ရှိတဲ့ ကမ္ဘာတစ်ဝှမ်းအကျယ်ပြန့်ဆုံး လူသုံးများတဲ့ အွန်လိုင်း စာတိုပို့ App တစ်ခု ဖြစ်ပါတယ်။ Messenger ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဒေါင်းလုဒ်ပြုလုပ်မှု အကြိမ်ရေ ၅.၄ ဘီလီယံအထိ ရှိခဲ့ပါတယ်။ Facebook Messenger က လက်ရှိ Android ဖုန်း တွေအတွက် လူသုံးအများဆုံး စာတိုပို့ App တစ်ခုလည်း ဖြစ်ပါတယ်။
(၄) Snapchat

Photo : Siachen Studios
Snapchat ကတော့ Snap Inc ကနေ တီထွင်ထုတ်လုပ်ထားတဲ့ အမေရိကန် ဆိုရှယ်မီဒီယာ Instant messaging App တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မှတ်တမ်းတွေအရ Snapchat ဟာကမ္ဘာတစ်ဝှမ်း နေ့စဉ်အသုံးပြုသူ ၃၃၂ မီလီယံခန့်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ အသုံးပြုသူ ၃၀၆ မီလီယံခန့် ခန့်ရှိခဲ့ပြီး ဒါဟာ နေ့စဉ်အသုံးအပြုသူ အရေအတွက် ပိုမိုတိုးပွားလာတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ Snapchat မှာ အမိုက်စား Features တွေပါဝင်ပြီး လူငယ်တွေကြား အသုံးများတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။
(၅) Telegram

Photo : Siachen Studios
Telegram ကတော့ လုံခြုံမှုအရှိဆုံးနဲ့ အမြန်ဆုံး စာတိုပို့ App တစ်ခုအဖြစ် လူသိများ ရေပန်းစားပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာတစ်ဝှမ်း ဒေါင်းလုဒ်လုပ်မှု အများဆုံး App တွေထဲကတစ်ခုဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လနှောင်းပိုင်းအထိ ဒေါင်းလုဒ်လုပ်သူ ၁ ဘီလီယံခန့် ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လမှာ Telegram ရဲ့ မှတ်တမ်းတွေအရ လစဉ်အသုံးပြုသူ သန်း ၇၀၀ ကို ကျော်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ Telegram ဟာ အခုလက်ရှိ Android ဖုန်းတွေအတွက် အကောင်းဆုံး စာတိုပို့ App တွေထဲကတစ်ခု အဖြစ် လူသုံးများနေပါတယ်။
(၆) QQ
Photo : Siachen Studios
Tencent ကထုတ်တဲ့ QQ ကလည်း လက်ရှိ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး စာတိုပို့ App တစ်ခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လအထိ လစဉ် Active QQ အကောင့်ပေါင်း ၅၆၃.၈ မီလီယံခန့် ရှိပါတယ်။ QQ App မှာ စာတိုပို့ခြင်းအပြင် အွန်လိုင်းဆိုရှယ်ဂိမ်းတွေ ၊ သီချင်းတွေ ၊ စျေးဝယ်ခြင်း ၊ မိုက်ခရိုဘလော့ဂ် ၊ ရုပ်ရှင်တွေနဲ့ Group အလိုက် Voice Chat လုပ်လို့ရမယ့် အလန်းစား Features တွေပါဝင်ပါတယ်။
အထက်ပါ App ၆ ခုအပြင် လက်ရှိ Android ဖုန်း တွေအတွက် ကမ္ဘာပေါ်တစ်ဝှမ်းမှာ ရေပန်းအစားဆုံးနဲ့ လူသုံးအများဆုံး စာတိုပို့ App စာရင်းမှာ Viber ၊ Discord ၊ Signal နဲ့ Skype တို့လည်း ပါဝင်ပါတယ်။ ကွီးတို့ရော လက်ရှိ ဘယ်စာတိုပို့ App တွေကို အများဆုံး သုံးဖြစ်နေလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Featured Photo : Digital Sushma

