အခုခေတ်မှာ အားကစားလုပ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ Mobile Application တွေ အများအပြား ထွက်လာပြီ ဖြစ်ပါတယ်။ အားကစားသမားတွေအပြင် သာမန်လူတွေအတွက်ပါ ကျန်းမာရေးသုံး Fitness Wearables တွေပါ ဈေးကွက်ဝင်လာတာ ဖြစ်လို့ အားကစားလုပ်သူတွေအတွက် နည်းပညာပိုင်းထုတ်ကုန် ရွေးချယ်စရာတွေ ပေါလာပြီလို့ ဆိုရမှာပါ။ အပြေး လေ့ကျင့်ခန်း လုပ်ရတာ နှစ်သက်သူတွေအတွက်လည်း အထောက်အကူဖြစ်မယ့် အခမဲ့ Free Apps တွေ အများကြီးပါပဲ။

(၁) Nike+ Run Club

Nike+ Run Club app

Photo : The Verge

ဒီ App လေးက ကိုယ့်စိတ်ကြိုက် Coaching Plan လေးတွေ ထည့်ထားပြီး ကိုယ့်ရဲ့ အပြေးလေ့ကျင့်ခန်း အတွေ့အကြုံကို ပုံလေးတွေနဲ့ တင်နိုင်မယ့် Community Feed တစ်ခုလည်း ပါဝင်ပါတယ်။ Apple Watch လိုမျိုး စမတ်နာရီရှိရင် ဖုန်းမလိုဘဲ အသုံးပြုနိုင်ပါတယ်။ Google Play Store မှာရော Apple App Store မှာပါ ‌Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။

(၂) Runkeeper

Runkeeper

Photo : runkeeper

ကိုယ့်အပြေးနှုန်း ၊ ပြေးတဲ့ အကွာအဝေး ၊ လေ့ကျင့်ခန်း လုပ်တဲ့ ကြာချိန် ၊ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ တခြား အပြေး သမားတစ်ယောက်အဖို့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြနိုင်မယ့် App ပါ။ Runkeeper မှာ ပြေးရတာ ပိုပြီး စိတ်ပါစေဖို့ ကိုယ်သွားတဲ့လမ်းကြောင်းမှာ ဓါတ်ပုံလေးတွေ ရိုက်တာမျိုး လုပ်ပြီး တင်နိုင်အောင်လည်း ထုတ်ထားပါတယ်။ Play Store မှာရော App Store မှာပါ Download ဆွဲနိုင်မယ့် App ဖြစ်ပါတယ်။

(၃) Adidas Train And Run

Adidas Train And Run app

Photo : Adidas

နာမည်ကြီး Sportswear ဖက်ရှင်ကုမ္ပဏီ Adidas ရဲ့ နာမည်နဲ့လာတဲ့ Adidas Train And Run App ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Running Experience တွေကို ခြေရာခံနိုင်သလို ကျွမ်းကျင်တဲ့ အပြေးနည်းပြတွေဆီကနေပါ လေ့ကျင့်ခန်းဆိုင်ရာ နည်းနာတွေကို ကြည့်နိုင်မှာပါ။ GPS Tracking နဲ့ နှလုံးခုန်တိုင်းတာမှုတွေပါ ကြည့်နိုင်ဖို့ စမတ်နာရီတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ Google Play Store မှာရော iTunes မှာပါ Download ဆွဲနိုင်ပါတယ်။

Featured Photo : parade