ဒီနေ့ခေတ် လူငယ်တွေကြားမှာတော့ Anime တက်တူးဒီဇိုင်း တွေက အရမ်းကို ရေပန်းစားလာပါတယ်။ Anime တက်တူးတွေဟာ လူငယ်ဆန်ပြီးအထာကျသလို ဖက်ရှင်ရေစီးကြောင်းပေါ်မှာလည်း တစ်စထက်တစ်စ နေရာယူလာပါတယ်။ ရွေးချယ်စရာ တက်တူးဒီဇိုင်းတွေလည်း အများကြီးရှိပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ Anime ဇာတ်ကောင်တွေ ၊ သင်္ကေတနဲ့ လိုဂိုတွေ စသည်ဖြင့် စိတ်ကြိုက် ရေးထိုးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Anime ချစ်သူတို့အတွက် လူငယ်ဆန်ဆန် အထာကျတဲ့ Anime တက်တူးဒီဇိုင်း တွေကို ပြောပြပေးချင်ပါတယ်။

(၁) Anime မျက်လုံး တက်တူးဒီဇိုင်း

Photo : The Trend Spotter

Eye တက်တူးတွေဟာဆိုရင် အကာအကွယ်ပေးမှု ၊ လမ်းညွှန်မှု ၊ အသိပညာနဲ့ ဉာဏ်အမြော်အမြင် ကြီးမားမှု စတဲ့ အဓိပ္ပါယ်တွေကို ကိုယ်စားပြုပါတယ်။ Anime မျက်လုံးတက်တူးတွေကတော့ အရမ်းကို အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီဇိုင်းရွေးချယ်မှုတစ်ခု ဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ မျက်လုံးအလိုက် Emotion ကို ဖော်ပြရာမှာ သုံးတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ရဲ့ စိတ်ထဲက အတွေးတွေ ၊ ခံစားချက်တွေကို ဖော်ပြဖို့ရန်အတွက် Anime မျက်လုံး တက်တူးဒီဇိုင်းတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၂) ချစ်စရာကောင်းတဲ့ Anime တက်တူးဒီဇိုင်း

Photo : The Trend Spotter

Anime စီးရီးနဲ့ ဇာတ်ကောင်တွေထဲမှာ ချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ အကောင်လေးတွေ အများကြီးရှိပါတယ်။ ကွီးတို့က တက်တူးအကြီးကြီးတွေ မထိုးချင်ဘူး ဒါမှမဟုတ် ကိုယ်ချစ်တဲ့ Cute ဖြစ်တဲ့ ဇာတ်ကောင်လေးတွေကို အမှတ်တရ ရေးထိုးချင်တယ်ဆိုရင် ဒီတက်တူးဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ မိန်းကလေးတွေအတွက်လည်း သင့်တော်တဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၃) Anime စုံတွဲတက်တူးဒီဇိုင်း

Photo : The Trend Spotter

ဒါကတော့ ချစ်သူစုံတွဲတွေ အတွက်ပါ။ ချစ်သူနှစ်ယောက်လုံးက Anime ပရိသတ်တွေဆိုရင် လိုက်ဖက်ညီတဲ့ စုံတွဲပုံ Anime တက်တူးဒီဇိုင်းတွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။ ချစ်စရာကောင်းတဲ့ Anime စုံတွဲတက်တူးဒီဇိုင်းတွေဟာ တစ်ယောက်က တစ်ယောက်အပေါ်ထားရှိတဲ့ ကတိသစ္စာတွေကို သက်သေပြဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သူငယ်ချင်းတွေအနေနဲ့လည်း ဆင်တူရေးထိုးလို့ ရပါတယ်။

(၄) Anime သင်္ကေတတက်တူးဒီဇိုင်း

Photo : The Trend Spotter

ကွီးတို့အနေနဲ့ ကိုယ်အကြိုက်ဆုံး Anime ဇာတ်ကောင်ရဲ့ အသေးစိတ်ပုံတစ်ပုံလုံးကို ရေးထိုးဖို့ မလိုပါဘူး။ တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးက ဆွဲဆောင်မှုအရှိဆုံးလို့ ပြောကြသလိုပါပဲ Anime စီးရီး ဒါမှမဟုတ် ဇာတ်ကောင်တွေရဲ့ သင်္ကေတတစ်ခု သို့မဟုတ် လိုဂိုတစ်ခုခုကို တက်တူးအနေနဲ့ ရေးထိုးမယ်ဆိုရင်လည်း ပြည့်စုံပါတယ်။

(၅) Anime Quote တက်တူးဒီဇိုင်း

Photo : The Trend Spotter

တချို့သော Anime ဇာတ်ကားထဲမှာ ကွီးတို့အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာသားတွေ ၊ စကားစုတွေ အများကြီးပါပါတယ်။ ကိုယ့်ကိုယ်ကို လှုံဆော်မှုပေးချင်လို့ပဲ ဖြစ်ဖြစ် ၊ အနုပညာတစ်ရပ်အနေနဲ့ ခံစားချင်လို့ပဲ ဖြစ်ဖြစ် ကွီးတို့အကြိုက်ဆုံး Quote တွေကို Anime ဇာတ်ကောင်တွေနဲ့ တွဲပြီး တက်တူးအဖြစ် ရေးထိုးနိုင်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီကို တစ်ပုံချင်းအနုစိတ်ရေးထိုးနိုင်သလို ၊ Minimalist ဆန်တဲ့ Anime တက်တူးဒီဇိုင်းတွေ ၊ အရောင်အသွေးစုံတဲ့ Colorful Anime တက်တူးဒီဇိုင်းတွေ ၊ ကျောအပြည့် တက်တူးဒီဇိုင်းတွေနဲ့ Geometric စတိုင် တက်တူးဒီဇိုင်းတွေ စသည်ဖြင့် စိတ်ကူးရှိသလို ပုံဖော်ရေးထိုး နိုင်ပါတယ်။

Featured Photo : The Trend Spotter