ပထမဆုံး Harry Potter စာအုပ်ကို ၁၉၉၇ ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပြီး ဆယ်စုနှစ် ၃ ခုနီးပါးကြာပြီးတဲ့အထိ Harry Potter စာအုပ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ လူကြိုက်များ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ Harry Potter ရဲ့ အမာခံပရိသတ် Potterhead တွေအနေနဲ့ Harry Potter ဇာတ်လမ်းထဲက ရုပ်ပုံတွေ ၊ သင်္ကေတတွေနဲ့ စိတ်ဝင်စားဖွယ်ရာ စကားစုတွေကို ခန္ဓာကိုယ်အရေပြားပေါ်မှာ တက်တူးအနုပညာ တစ်ခုအနေနဲ့ ရေးထိုးဖို့ တွေးထားတယ်ဆိုရင်တော့ အခုပြောပြမယ့် အမိုက်စား Harry Potter တက်တူးဒီဇိုင်း တွေက ကွီးတို့လုံးဝ အကြိုက်တွေ့စေမှာ သေချာပါတယ်။

(၁) အသေးစား Harry Potter တက်တူးဒီဇိုင်း

Photo : The Trend Spotter

အရွယ်အစားခပ်သေးသေး တက်တူးဒီဇိုင်းတွေ ကြိုက်သူတွေအတွက် ဖြစ်ပါတယ်။ နားအနောက်ဘက် သို့မဟုတ် လက်ချောင်းတွေ အပါအဝင် ခန္ဓာကိုယ်ပေါ်ရှိ မည်သည့်နေရာမှာမဆို ရေးထိုးနိုင်ပြီး ဆွဲဆောင်မှုရှိရှိ လှပနေစေမှာ ဖြစ်ပါတယ်။ Sorting Hat ၊ Deathly Hallows နဲ့ Golden Snitch တို့လို သင်္ကေတတွေ အပါအဝင် Harry Potter ဇာတ်လမ်းထဲက အထင်ကရ အမှတ်အသားတွေကို ရေးထိုးနိုင်ပါတယ်။

(၂) Harry Potter Sleeve တက်တူးဒီဇိုင်း

Photo : The Trend Spotter

ခန္ဓာကိုယ်အရေပြားပေါ်ကအနုပညာကို ဇာတ်လမ်းတစ်ပုဒ်လို ပြောပြလိုသူတွေအတွက် အကောင်းဆုံးရွေးချယ်မှု တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ လက်တစ်ချောင်းလုံးအပြည့် ရုပ်ပုံများစွာကို ပေါင်းစပ်ပြီး စိတ်ကူးရှိရင် ရှိသလိုဖန်တီးနိုင်ပါတယ်။ Harry Potter Sleeve တက်တူးဒီဇိုင်းတွေက အမျိုးသားတွေအတွက် ယောကျာ်းဆန်ပြီး ဆွဲဆောင်မှုရှိစေတဲ့ တက်တူးဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၃) Harry Potter Always တက်တူးဒီဇိုင်း

Photo : The Trend Spotter

Harry Potter နဲ့ ပတ်သတ်ပြီး “Always” ဆိုတဲ့ စကားလုံးက Potterhead တွေကြားမှာ ရေပန်းစားတဲ့ ဆောင်ပုဒ်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာရှိမှုကို ဖော်ပြတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ “Always” စာလုံးထဲက အက္ခရာ A ကို Deathly Hallows ရဲ့ သင်္ကေတနဲ့ ပေါင်းစပ်ပြီး ရေးထိုးနိုင်သလို Spell တွေ ၊ မှော်တုတ်တံတွေနဲ့ အခြားသော သင်္ကေတများစွာနဲ့ ပေါင်းစပ်ပြီးလည်း ရေးထိုးလို့ရပါတယ်။

(၄) Harry Potter မှော်တုတ်တံတက်တူးဒီဇိုင်း

Photo : The Trend Spotter

Harry Potter တက်တူးထိုးမယ်ဆိုရင် အထင်ကရ မှော်တုတ်တံ တက်တူးဒီဇိုင်းကလည်း မပါမဖြစ် ရွေးချယ်သင့်ပါတယ်။ ရိုးရိုးရှင်းရှင်းပဲ ဖြစ်ဖြစ် ၊ ရှုပ်ရှုပ်ထွေးထွေး ဒီဇိုင်းမျိုးပဲ ဖြစ်ဖြစ် စိတ်ကြိုက်ရွေးချယ်နိုင်ပြီး အရွယ်အစားကိုလည်း အသေးအကြီး စိတ်ကြိုက်ရေးထိုးလို့ ရပါတယ်။ Harry Potter မှော်တုတ်တံဟာ မှော်ပညာ ၊ လျှို့ဝှက်ဆန်းကြယ်မှု ၊ ကြီးထွားမှု ၊ စွမ်းအား ၊ ကာကွယ်မှုတို့နဲ့ အဓိပ္ပါယ်ဆက်စပ်နေပါတယ်။

(၅) Harry Potter မြွေပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

မြွေပုံတက်တူးဒီဇိုင်းတွေက ဘဝသံသရာ ၊ ရှင်သန်ခြင်း ၊ အသွင်ကူးပြောင်းမှုဆိုင်ရာ အဓိပ္ပါယ်များစွာနဲ့ ဆက်စပ်နေပြီး တက်တူးရေးထိုးသူတွေ အများကြီး ရွေးချယ်ဖြစ်ကြတဲ့ တက်တူးဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ Harry Potter ပရိသတ်တွေအတွက်တော့ မြွေပုံတက်တူးတွေက မကောင်းမှု ၊ သေခြင်းတရားနဲ့ Lord Voldemort အပေါ် သစ္စာစောင့်သိမှုကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် Slytherin House ရဲ့ သင်္ကေတတစ်ခုဖြစ်သလို Parselmouths နဲ့လည်း ဆက်စပ်နေပါတယ်။

(၆) Harry Potter Finger တက်တူးဒီဇိုင်း


Photo : The Trend Spotter

လူငယ်ဆန်ပြီး အထာကျ ချင်သူတွေကတော့ Harry Potter Finger တက်တူးဒီဇိုင်းတွေက လုံးဝကွက်တိပါပဲ။ ကိုယ့်ခန္ဓာကိုယ်ပေါ်က တက်တူးတွေကို Show Off လုပ်ချင်တွေအတွက်လည်း အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ အရွယ်အစား ခပ်သေးသေးနဲ့ ရိုးရှင်းတဲ့တက်တူးဒီဇိုင်းတွေက လက်ချောင်းတွေပေါ်မှာ ရေးထိုးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ Harry Potter ဇာတ်လမ်းထဲက အထင်ကရ အမှတ်အသားတွေ ၊ သင်္ကေတတွေ ၊ ရုပ်ပုံနဲ့ စာသားတွေကို ရေးထိုးနိုင်ပါတယ်။ Finger တက်တူးတွေရဲ့ အားနည်းချက် တစ်ခုကတော့ အာရုံကြောတွေရဲ့အဆုံးနဲ့ အရိုးနဲ့ အနီးကပ်ဆုံးရှိနေတဲ့ အရေပြားနေရာ ဖြစ်တဲ့အတွက်ကြောင့် လက်ချောင်းတွေမှာ တက်တူးရေးထိုးမယ်ဆိုရင် နာကျင်မှုတော့ ရှိနိုင်ပါတယ်။

Featured Photo : The Trend Spotter