မင်္ဂလာဇနီးမောင်နှံများ (သို့) ချစ်သူစုံတွဲများအနေနဲ့ ကိုယ့်ရဲ့ Anniversary နေ့ရက်များကို ရိုမန့်တစ်ဆန်ဆန်နဲ့ ဘယ်လိုဖြတ်သန်းနိုင်မလဲဆိုတဲ့ နည်းလမ်း ကောင်းတွေကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေ နည်းလမ်းကောင်းများကို ဝေမျှပေးလိုက်ချင်ပါတယ်။

Anniversary နေ့ရက်သည် အဓိပ္ပာယ်များနှင့် ပြည့်စုံနေတဲ့ နေ့ရက်တစ်ခုဖြစ်ပြီး ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ကောင်းများကို သိထားသင့်ပါတယ်။

သင့်ရဲ့ကတိစကားများကို အနုပညာအဖြစ်ပြောင်းလဲလိုက်ပါ

Anniversary နည်းလမ်း

Photo: Makecanvasprints

သမီးရည်းစားဘဝမှာပဲဖြစ်ဖြစ်၊ မင်္ဂလာမောင်နှံဘဝမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ လက်တွဲဖော်ကို သက်ဆုံးတိုင် ကောင်းအတူတူ ဆိုးအတူတူ ချစ်ခင်သွာပါ့မယ်ဆိုတဲ့ ကတိစကားမျိုး (သို့) ကိုယ့်ရဲ့ လက်တွဲဖော်ကို တစ်သက်လုံး ပျော်ရွှင်အောင် ထားပါ့မယ်ဆိုတဲ့ ကတိစကားမျိုး အစရှိတဲ့ ကတိစကားတွေကို သစ်သားပေါ်မှာ ထွင်းထုထားကာ လှလှပပပုံဖော်ထားတာမျိုး (သို့) ပန်းချီကားချပ်ပေါ်မှာ ရေးသားထားကာ အနုပညာတစ်ရပ်အဖြစ် ပြောင်းလဲလိုက်ပါ။ ဒါဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး စိတ်ကောက်နေချိန်မှာ ထိုပန်းချီကားချပ် (သို့) သစ်သားဘောင်လေးတွေကို ကြည့်ရှုကာ ကိုယ့်ကိုယ်ကိုယ် သတိပေးနိုင်ပါတယ်။

ပန်းစည်းနှင့် ကိတ်မုန့်များလည်း မမေ့ပါနဲ့

Anniversary နည်းလမ်း

ပန်းစည်းမကြိုက်တဲ့ မိန်းကလေးဆိုတာတော့ မရှိဘူးမဟုတ်လား။ သင်တို့ရဲ့ Anniversary နေ့ရက်များကို ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းဖို့ဆိုရင် ဒီ နည်းလမ်း သည်လည်း နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ သူ(မ) ကြိုက်နှစ်သက်တဲ့ ကိတ်မုန့်အရသာလေးတွေ သူ(မ) ကြိုက်တတ်တဲ့ ပန်းစည်းလေးတွေကို မှာယူကာ သူ(မ)ကို စပရိုက် တိုက်လိုက်ပါ။

အမှတ်တရဖြစ်စေမယ့် ဓာတ်ပုံအယ်လ်ဘမ်တစ်ခု ဖန်တီးပါ

Anniversary နည်းလမ်း

Photo: Milkbooks

သင်တို့နှစ်ယောက်အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို စုစည်းထားကာ ဓာတ်ပုံအယ်လ်ဘမ်တစ်ခု ဖန်တီးကာ သူ(မ)ကို လက်ဆောင်ပေးခြင်းသည်လည်း ရိုမန့်တစ်ဆန်ပါတယ်။ ဓာတ်ပုံအယ်လ်ဘမ်အဖြစ် မဖန်တီးချင်ပါကလည်း ဗွီဒီယိုတစ်ခုအဖြစ် ပြောင်းလဲကာ သူ(မ)အား လက်ဆောင်ပေးနိုင်ပါတယ်။

သင်တို့နှစ်ယောက်စလုံးအတွက် အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ နေရာများသို့ သွားရောက်လည်ပတ်ပါ

Anniversary နည်းလမ်း

နှစ်ယောက်အတူတူ သွားလည်ဖူးတဲ့နေရာတွေကို Anni နေ့ရက်လေးမှာ ထပ်မံသွားရောက်ကာ လည်ပတ်လိုက်ပါ။ ပျော်စရာအမှတ်တရများကို တကျော့ပြန်လည်ကာ အမှတ်ရလာမှာဖြစ်ပြီး ကြည်နူးဖွယ်ကောင်းလှပါတယ်။

သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါး ဆင်နွှဲပါ

couple celebrate anni

Photo: Fashionisers

သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းများကို ဖိတ်ကြားကာ အိမ်တွင်းပါတီပွဲအသေးစားတစ်ခု ဖန်တီးနိုင်ပါတယ်။ သင့်အနေနဲ့ သူ(မ)ကို စပရိုက်တိုက်ချင်တယ်ဆိုလည်း သူ(မ)ကို အပြင်တနေရာဆီ ခဏလောက် သွားခိုင်ပြီး အိမ်မှာ Decoration ပြင်ကာ သူ(မ) ပြန်ရောက်တဲ့အချိန်မှာ စပရိုက်တိုက်နိုင်ပါတယ်။ သင်တို့ရဲ့ သူငယ်ချင်းများကလည်း သင်တို့နှစ်ဦးသားကို လှိုက်လှိုက်လှဲလှဲကို ဂုဏ်ပြုပေးကြမှာဖြစ်ပါတယ်။

ကတိစကားအသစ်များ ထပ်ပေးပါ

couple celebrate anni

Photo: Theromantictourist

သင်တို့နှစ်ဦးသားအတွက် တန်ဖိုးရှိတဲ့ နှစ်တစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ နောက်လာမယ့် နှစ်များအတွကလည်း ကတိစကားအသစ်များ ထပ်ပေးကာ နှစ်ဦးသား ရွှေလက်ခိုင်ခိုင်မြဲစေဖို့ တောင်းဆုပြုနိုင်ပါတယ်။

ကွီးတို့အားလုံးလည်း ဒီနည်းလမ်းကောင်းတွေကို အသုံးပြုကာ နှစ်ဦးသားအတွက် တန်ဖိုးရှိပြီး ရိုမန့်တစ်ဆန်တဲ့ နေ့ရက်များကို ကုန်ဆုံးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Symbis

Featured Image: Loverollers