အသည်းကွဲ ဝေဒနာကို အမြန်ဆုံး ပြန်လည်ကုစားချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ထိုနည်းလမ်းကောင်းတွေကို သိထားပြီး သေသေချာချာ လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အသည်ကွဲတဲ့ဒဏ်ကြောင့် စိတ်ထောင်း ကိုယ်ကြေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

အသည်းကွဲတဲ့ရောဂါကတော့ လွယ်လွယ်နဲ့ ပျောက်မှာတော့မဟုတ်ပါဘူး။ အချိန်တစ်ခုတော့ယူရပါလိမ့်မယ်။ ထိုကဲ့သို့ အချိန်ယူရတဲ့အချိန်မှာ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးချလိုက်ပါ။ ဒါဆိုရင်တော့ အကြာကြီး အချိန်ယူစရာမလိုတော့ပါဘူး။

ကိုယ့်ကို ဖိတ်ထားတဲ့ Social ပွဲမှန်သမျှ တက်ပါ

အသည်းကွဲ နည်းလမ်း

အသည်းကွဲကာ ခံစားနေရလို့ဆိုပြီး ကိုယ့်အိပ်ခန်းလေးထဲမှာပဲ ကုပ်နေတာမျိုး၊ အပြင်လုံးဝ မထွက်တော့ဘဲ ဘယ်သူနဲ့ပဲ အပေါင်းအသင်း အဆက်အဆံ မလုပ်တော့တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကို မင်္ဂလာဆောင်တက်ဖို့ ဖိတ်ထားတယ်ဆိုလည်း သွားတက်လိုက်ပါ။ ရုံးပါတီပွဲများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများ တက်စရာရှိတယ်ဆိုလည်း တက်လိုက်ပါ။ ညအချိန်မှာ ကလပ်တက်ပြီး ပျော်ပျော်ပါးပါး ကခုန်မြူးတူးကာ စိတ်လွတ်လက်လွတ် ပျော်ပါးနိုင်ပါတယ်။

ဒီလိုမျိုး Social ပွဲမှန်သမျှ လိုက်တက်တဲ့အခါ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းအသစ်များ ရရှိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသပေးနိုင်ပါတယ်။ အသည်းကွဲ ဝေဒနာထဲမှာပဲ နစ်မြှုပ်မနေတော့ဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်တစ်ကြိမ်ပြန်လည်ဖြတ်သန်းနိုင်အောင် ကူညီပေးတဲ့ နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးပါ

အသည်းကွဲ နည်းလမ်း

အသည်းကွဲနေလို့ဆိုပြီး ဘာမှမစားတော့ဘူးဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကိုယ်တိုင် နှိပ်စက်ညှင်းပန်းနေတာနဲ့အတူတူပါပဲ။ ဒါ့ကြောင့် အစားကို ပုံမှန်အတိုင်းပဲ စားပါ။ အားကစားကို ယခင်ကထက် ပိုလုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်က အားအင်များ ကုန်ခမ်းသွားတဲ့အခါ အားအင်များ ပြန်လည်ဖြည့်တင်းဖို့ရန်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးပါ။ ဗီတာမင်နှင့် သတ္တုဓာတ်များ၊ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများသည် ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ ဒီလိုမျိုး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

သူငယ်ချင်းများနှင့် အချိန်ကုန်ဆုံးပါ

အသည်းကွဲ နည်းလမ်း

ရည်းစားနဲ့ အဆင်ပြေနေတုန်းကတော့ ကိုယ့်ရည်းစားမှ ကိုယ့်ရည်းစား၊ သူငယ်ချင်းတွေကိုတော့ လျစ်လျူရှုထားခဲ့မိတာ မဟုတ်လား။ သူငယ် ချင်းတွေ အတင်းခေါ်လည်း မသိချင်ယောင်ဆောင်နေခဲ့တာ မဟုတ်လား။ အခုအခါမှာတော့ သူငယ်ချင်းဟောင်းတွေဆီသာ ပြန်သွားလိုက်ပါ။ သူတို့ဆီက အားပေးစကား လက်ခံလိုက်ပါ။ သူတို့က ဆူဆဲမယ်ဆိုလည်း ခံလိုက်ပါ။ သင့်ကို ဂရုဏာဒေါသနှင့် ပြောနေကြတာ ဖြစ်ပါတယ်။ နောက်တစ်ခါ ရည်းစားရခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဆိုရှယ်ဘဝနှင့် အချစ်ရေးဘဝကို မျှတအောင် ထားဖို့မမေ့ပါနဲ့။

အခင်မင်အရင်းနှီးဆုံး သူငယ်ချင်းတွေဆိုတာ ဘဝမှာ အစားထိုးလို့မရတဲ့သူတွေပါ။ ဒါ့ကြောင့် သူတို့အပေါ် အချိန်ပေးဖို့လည်း လိုအပ်ပြီး သူတို့ထံမှ အပြန်အလှန်အကူအညီရယူကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်တည်ရမှာ ဖြစ်ပါတယ်။

ဆံပင်စတိုင်လ် အသစ်ပြောင်းပါ

အသည်းကွဲ နည်းလမ်း

ဆံပင်စတိုင်လ်အသစ်ပြောင်းခြင်းသည် သင့်ရဲ့ဖက်ရှင်ကို တစ်မျိုးဆန်းသစ်သွားအောင် ကူညီပေးပြိး ပိုမိုခန့်ညားပြီး ဆွဲဆောင်မှုတိုးလာစေမှာဖြစ်ပါတယ်။ အသည်းကွဲလို့ စိတ်အားငယ်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်မြင့်တင်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ပုံစံက သပ်သပ်ရပ်ရပ်နဲ့ ဆွဲဆောင်မှုတိုးနေမှသာလျှင် ကိုယ့်ကိုယ့်ကိုယ် Confidence ပိုတက်လာမှာဖြစ်ပါတယ်။ နောက်ထပ် ရည်းစားသစ်ရှာဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး။

ဆိုရှယ်မီဒီယာတွေမှာ Unfollow လုပ်ထားပါ (သို့) Block ပစ်ပါ

man using phone

ရည်းစားဟောင်းဆိုတာ တစ်ခါပြတ်ပြီးသွားတာနဲ့ (လုံးဝ) ပြန်မဆက်သင့်တဲ့သူတစ်ယောက်ပါ။ ဒါ့ကြောင့် မျက်စိရှေ့မှာ လုံးဝ မမြင်ရအောင်သာ ထားလိုက်ပါ။ သူ့ကို ကိုယ့်ရဲ့ ဘဝထဲကနေ အပြီးတိုင်နှင်ထုတ်ဖို့အတွက် Block ပစ်ပါ။ Block ပစ်လို့ သူ့ဘက်က ကိုယ်က သူ့ကို စိတ်မပြတ်နိုင်သေးဘူးလို့ထင်ရင် မ Block ဘဲနဲ့ သူ့ကို Unfollow လုပ်နိုင်ပါတယ်။ နို့မဟုတ်ရင် ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့အခါ အလိုလိုစိတ်ပျော့လာပြီး သူ့ကိုသာ သတိရတမ်းတစိတ်တွေဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ အသည်းကွဲ ဒဏ်ရာက တော်တော်နဲ့ ပျောက်မှာမဟုတ်တော့ဘဲ ဘယ်လို နည်းလမ်း တွေ သုံးနေပါစေ အချည်းနှီးပဲဖြစ်ပါလိမ့်မယ်။

နောက်တစ်ယောက်နဲ့ Date ပါ

date with a girl

နောက်တစ်ယောက်နဲ့ ချက်ချင်းအစားထိုးပစ်လိုက်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ဖက်မိန်းကလေးကို ကိုယ် တကယ်ချစ်မြတ်နိုးနိုင်ပြီး သူကလည်း ကိုယ့်ကို အမှန်တကယ်ချစ်ရဲ့လားဆိုတာကို သေချာဆန်းစစ်ဖို့အတွက် ရက်အနည်းငယ်၊ လအနည်းငယ်လောက် Date ကြည့်လိုက်ပါ။ သူ့အကြောင်း ကိုယ့်အကြောင်းတွေ သေချာသိသွားပြီဆိုရင်တော့ ကိုယ့်ဘက်ကလည်း သူ့အပေါ် စိတ်ဝင်စားတယ်ဆိုရင် ချစ်ရေးဆိုနိုင်ပါတယ်။

ရည်းစားဟောင်းနဲ့ ပြတ်သွားလို့ဆိုပြီး အရွဲ့တိုက်ချင်စိတ်နဲ့ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲခြင်းသည် ကိုယ့်အတွက်လည်း မကောင်းသလို တစ်ဖက်မိန်းကလေးကိုလည်း မလေးစားရာကျပါလိမ့်မယ်။ တစ်ဖက်မိန်းကလေးက ကိုယ့်ကို တကယ်ချစ်တာဆိုရင် ကိုယ် ခံစားဖူးခဲ့တဲ့ အသည်းကွဲဝေဒနာကို သူ(မ)ထံ လက်ဆင့်ကမ်းလိုက်တာနဲ့ တူသွားပါလိမ့်မယ်။

မိမိအလုပ်နှင့် ပရော်ဖက်ရှင်နယ်လမ်းကြောင်းကို သေချာအာရုံစိုက်ပါ

man working

အရင်တုန်းက အလုပ်နှင့် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် လမ်းကြောင်း၊ ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အချိန်မပေးနိုင်ခဲ့သမျှ အခုကျမှ အတိုးချကာ အချိန်ပေးလို့ရပါပြီ။ ဒီလိုမျိုး ကိုယ့်ရဲ့ အောင်မြင်မှုကိုပဲ အာရုံစိုက်ခြင်းသည်လည်း အသည်းကွဲဝေဒနာကို မြန်မြန်မေ့မေ့ပျောက်ပျောက်ဖြစ်သွားစေပြီး ကိုယ့်ရဲ့ဘဝကို အမြင့်တစ်နေရာသို့ရောက်အောင် တွန်းပို့ပေးပါလိမ့်မယ်။

ကွီးတို့လည်း အသည်းကွဲနေလို့ဆိုပြီး ချောင်မှာ တစ်ယောက်တည်း ထိုင်ငိုမနေပါနဲ့တော့။ ဒီနည်းလမ်းတွေ ကျင့်သုံးကြည့်ကာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းပစ်လိုက်ပါ။

Source: Vox

Featured Image: Vixendaily